ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ တရုတ်နိုင်ငံ၊ နန်နင်းမြို့ရှိ ချင်းရှုတောင်ဉယျာဉ်နှင့် လီကျန်းစာဖတ်ရိပ်သာတို့ကို ကြည့်ရှုလေလာ့

mdn

ကွေ့လင်  ၂၂     နိုဝင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းမြို့ရှိ  ချင်းရှုတောင်ဉယျာဉ် နှင့် လီကျန်းစာဖတ်ရိပ်သာတို့ကို ကြည့်ရှုလေ့လာကြသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ချင်းရှုတောင်ဉယျာဉ်အတွင်း သစ်ပင်၊ ပန်းပင်အမျိုး အစားများ အလိုက် အုပ်စုဖွဲ့၍ စိုက်ပျိုးထားရှိမှုများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။

 

ချင်းရှုတောင်ဉယျာဉ်သည် ဧရိယာ ၄ ဒသမ ၇ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ပင်လယ်ရေမျက် နှာပြင် အထက် ၂၈၉ မီတာ တွင် တည်ရှိသည်။ သက်တမ်းရင့် သဘာဝသစ်ပင်ကြီးများနှင့် အကွက်ချစိုက်ပျိုးမှုများ ပေါင်းစပ်၍ ပြကွက် ၁၂ နေရာ တည်ဆောက်ထားပြီး တောင်ပတ်လမ်း  စနစ်တကျ ဖောက်လုပ်ကာ ဘာဂီ ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုလေ့လာနိုင်ရန် စီစဉ်ထားသည်။ ဉယျာဉ်သို့ ခရီးသည် ဝင်ရောက်မှုနှုန်းမှာ နှစ်စဉ် ပျမ်းမျှ ၂၄ သိန်းခန့် ရှိကြောင်း သိရသည်။

 

 ထို့နောက် စန်းချီပလာဇာ၏ စတုတ္ထထပ်ရှိ လီကျန်းစာဖတ်ခန်းသို့ သွားရောက်ပြီး စာအုပ်အရောင်းဆိုင် ခန်းများ၊ ကလေးစာပေနှင့် ကလေးစာဖတ်ခန်းအပါအဝင် စာအုပ်ဆိုင်နှင့် စာဖတ်ခန်း ပြင်ဆင်စုဖွဲ့ထားရှိမှုများကို ကြည့်ရှုလေ့လာကြသည်။

 

လီကျန်းစာအုပ်ဆိုင်တွင် စာအုပ်ပေါင်း လေးသောင်းကျော် စုစည်းထားရှိရာ စာအုပ်ဝယ်ယူ မှု ၊ စာဖတ်ခန်းများ တွင် စာ‌ပေဖတ်ရှလေ့လာခြင်းအပြင် စုဝေးခန်းမတွင် စာအုပ်မိတ်ဆက်ပွဲ နှင့် စာဖတ်ဝိုင်းများတွင်လည်း တက်ရောက်လေ့လာဆွေးနွေးနိုင်ကြောင်း သိရသည်။

 

ဆက်လက်၍ စုဝေးခန်းမတွင် “Good Books in GuanGxi” အစီအစဉ် ပြသမှုအား ကြည့်ရှုပြီး ကွမ်ရှီး စာရေးဆရာအသင်းဝင်များနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဘာသာပြန်စာပေများ ပြန်ဆို ထုတ်ဝေဖြန့်ချိရေးနှင့် စာပေယဉ်ကျေးမှုဖလှယ်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

ကွမ်ရှီးစာရေးဆရာအသင်းသည် တရုတ်စာရေးဆရာအသင်း၏ အသင်းခွဲတစ်ခုဖြစ်ပြီး အမျိုးသားအမျိုးသမီး အသင်းဝင်များအပြင် တိုင်းရင်းသားလူမျိုးစုငယ်များလည်း ပါဝင်ကြသည်။ အသင်းဝင်များသည် အမျိူးသားစာပေဆုပြိုင်ပွဲများမှ ဆုတံဆိပ်များစွာ ရရှိထားကြပြီး ပါတီ၊ အစိုးရ နှင့် ပြည်သူများအကြား ပေါင်းကူးတံတားသဖွယ်  ဆက်သွယ်ဆောင်ရွက်ပေးနေသည့်အပြင် တိုင်းရင်းသား လူမျိုးစုငယ်များ၏ စာပေထွန်းကားလာစေရန် မြှင့်တင်ပေးခြင်း၊ စာပေဖလှယ်မှုနှင့် လေ့ ကျင့်မှုများတွင် အားပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နန်နင်းမြို့မှ မြန်နှုန်းမြင့် ကျည်ဆံ ရထားဖြင့် ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၏ အရှေ့မြောက် ဘက်ရှိကွေ့လင်မြို့သို့ ရောက်ရှိကြသည်။

 

ယင်းနောက် ကွေ့လင်မြို့ရှိ ရောင်ဟုဟိုတယ်တွင် မြို့တော်ဝန် မစ္စတာ ကွင်းချွန်ချန်း က တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ကြသည်။ ဆက်လက်၍ ကွေ့လင်မြို့ရှိ လီကျန်းမြစ်၊ ထောင်ဟွာမြစ်၊ စမ်းရည်ရေကန်၊ ကွေ့ရေကန် နှင့် မုလုံရေကန်များအတွင်း လှေဖြင့် လှည့်လည် ကြည့်ရှုလေ့လာကြသည်။

 

ကွေ့လင်မြို့သည် တောတောင်ရေမြေ သဘာ၀ရှုခင်းများဖြင့် သာယာလှပသည့်အပြင် ယဉ် ကျေးမှု သမိုင်းဆိုင်ရာများ ကြွယ်ဝမှုကြောင့် ခရီးသွားမြို့တော်အဖြစ် ကျော်ကြားသည်။  ပို့ဆောင် ဆက်သွယ်ရေး ကောင်းမွန်ပြီး ဟိုတယ်နှင့် တည်းခိုဆောင်မျိုးစုံရှိသည့်အပြင် စားသောက်ဖွယ်ရာ စုံလင်ကောင်းမွန်မှုကြောင့် ကမ္ဘာလှည့်ခရီးသွားများ နှစ်ခြိုက်သည့် နေရာ ဖြစ်လာခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

mdn

mdn

 

mdn

 

mdn

 

mdn