ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Zhang Guohua နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

mdn

နေပြည်တော်   ၂၂    နိုဝင်ဘာ

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Zhang Guohua နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာ - တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းများ ဆက်လက်ဖန်တီးတည်ဆောက်ရေးနှင့် တရုတ် နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး၊ မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲ၊ သစ်သီး ဝလံများ အပါအဝင် လယ်ယာထွက်ကုန်များ၊ ကျွဲ၊နွား အရှင်များ၊ ရေထွက်ပစ္စည်းများ တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ ပို့ကုန်တင်ပို့မှုဆိုင်ရာ သတ်မှတ်စံနှုန်းများနှင့်အညီ အရည်အသွေးပြည့်မီသော ပို့ကုန်များ တင်ပို့မှုမြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံ ကုန်ထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားရေး၊ ထောက်ပံ့ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အခြေခံအဆောက် အဦများ တိုးတက်စေရေးအတွက် နှစ်နိုင်ငံအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ ကုန်စည်ပြပွဲများ အပြန်အလှန်ဖိတ်ကြား၍ ပူးတွဲပြသ ခြင်းဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင် နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာ - တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန် လျင်မြန်စွာ တည်ထောင်အကောင်အထည်ဖော်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

(သတင်းစဉ်)