ပြွန်တန်ဆာမြို့ သီတဂူ စက္ခုဒါနဆေးရုံတွင် ခွဲစိတ်ပြီးမျက်စိဝေဒနာရှင်များအား(Follow Up) စမ်းသပ်စစ်ဆေး ကုသခြင်း ဆောင်ရွက်

ပြွန်တန်ဆာ ၂၁  နိုဝင်ဘာ

 

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာအရှင် ဉာဏိဿရတည်ထောင်တော်မူထားသော ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့နယ် ပြွန်တန်ဆာမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီး၌ သီတဂူဆရာတော် ဘုရားကြီး မေတ္တာတော်နှင့် သြဝါဒကိုခံယူ၍ (၆)ကြိမ်မြောက် မျက်စိစမ်းသပ်ကုသပေးခဲ့သော မျက်စိဝေဒနာ ရှင်များထဲမှ ခွဲစိတ်စမ်းသပ်ကုသပေးခဲ့သော မျက်စိဝေဒနာရှင် (၃၂၃)ဦးအား(Follow Up) နောက်ဆက်တွဲ စမ်းသပ်စစ်ဆေးကုသခြင်းကို သီတဂူစက္ခုဒါနဆေးရုံ၍ ယနေ့တွင် စမ်းသပ်ကုသပေးခဲ့ကြသည်။

 

           ခွဲစိတ်ပြီးမျက်စိဝေဒနာရှင်များအားနောက်ဆက်တွဲစမ်းသပ်ကြည့်ရူစစ်ဆေးကုသပေးခြင်းကို ပြွန်တန်ဆာမြို့ ဇမ္ဗူအေးတောရ (အင်းဝိုင်း)ဆရာတော်ကြီး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာမြအောင်၊ ပဲခူးမြို့မှ မျက်စိအထူးကု ဆရာဝန်ဒေါက်တာ နန်းအိရွှေဇင်နှင့် ဒေါက်တာမြတ်သူဇာတို့က  ဉီးဆောင်ကာ မျက်စိကျွမ်းကျင် ပညာရှင်များ၊ စေတနာဖြင့်  လာရောက် ကူညီပေးကြသော လူမူကူညီရေးအဖွဲ့အစည်း အသီးသီးမှ စေတနာရှင်များ၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများက ဝိုင်းဝန်းကူညီကာ ခွဲစိတ်ပြီး မျက်စိဝေဒနာရှင်များအား စမ်းသပ်စစ်ဆေးကာ လိုအပ်သောကုသမူများ ဆောက်ရွက် ပေးခဲ့ကြသည်။

 

ယခုမျက်စိကုသမူပေးခြင်းသည် နိုဝင်ဘာလ၃ ရက်နေ့မှ ၇ ရက်နေ့အထိ (၆)ကြိမ်မြောက် အခမဲ့ စမ်းသပ်ခွဲစိတ် ကုသပေးခြင်းဖြစ်ပြီး ကမ္ဘာလှည့် ဆေးကုသအဖွဲ့ကြီးမှ Dr Marcus Ang နှင့် Global Clinic members အဖွဲ့ နှင့်ပူပေါင်း၍ မျက်စိဝေဒနာရှင် (၃၃၄၀)ဦးအား စမ်းသပ် ခွဲစိတ် ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် မျက်စိခွဲစိတ်ကုသဝေဒနာရှင်(၃၂၃)ဦးနှင့် မျက်မှန်တပ်ဝေဒနာရှင် ၂၉၀ဝ ကျော် ပါဝင်ကြောင်း သိရသည်။

 

အဆိုပါ ဝေဒနာရှင်များထဲမှခွဲစိတ်ပြီးမျက်စိဝေဒနာရှင်(၃၀၁)ဦးအား(Follow Up)အနေဖြင့် နောက်ဆက်တွဲ ကုသပေးခြင်းဖြစ်ပြီး (၆)ကြိမ်မြောက် အခမဲ့ မျက်စိစမ်းသပ် ခွဲစိတ်ကုသမူ လုပ်ငန်းနှင့် ယခုနောက်ဆက်တွဲကုသမူလုပ်ငန်းများအဆင်ပြေစေရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမူကူညီရေးအဖွဲ့အစည်းများမှ စေတနာရှင်များ၊ သီတဂူ စက္ခုဆေးရုံ အုပ်ချုပ်မူကော်မတီမှ ဥက္ကဌဦးမြင့်သိန်းနှင့် ကော်မတီဝင်များက နေ့မအား ညမနား ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြပြီး မျက်စိဝေဒနာရှင်များကိုပါ နေ့လယ်စာဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြသဖြင့် မျက်စိခွဲစိတ်ကုသမှုများ အောင်မြင်စွာ ဆောက်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

နေလင်း(ညောင်လေးပင်)