ပန်းတနော်မြို့မစျေးနှင့် လမ်းဘေးရေမြောင်းများအတွင်းရှိ အမှိုက်များရှင်းလင်း

ပန်းတနော်  ၁၀  ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် မြို့မစျေးနှင့် လမ်းဘေးရေမြောင်းများအတွင်းရှိ အမှိုက်များရှင်းလင်းကို ယမန်နေ့ ညနေပိုင်းက စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပန်းတနော်မြို့ မြို့မစျေးနှင့် သီဟလမ်းဘေးရှိ ရေမြောင်းများအတွင်း အမှိုက်များ ရှင်းလင်းခြင်း၊ ရေမြောင်းများတူးဖော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး နောက်ရက်များတွင် မြို့တွင်းလမ်းမဘေးရှိ ရေမြောင်းများကို ရေစီးရေလာကောင်းမွန်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းထွဋ်လွင်ထံမှ သိရသည်။

 

ပြည့်ဖြိုးကျော်(ပန်းတနော်)