ပရိသတ်တွေကို လွမ်းနေတဲ့ ဂျီဆိုး

၁၈ မတ်

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ ဂျီဆိုးဟာ - အမျိုးသမီးတေးဂီတအဖွဲ့ BLACKPINK ရဲ့ အဖွဲ့ဝင်တစ်ဦးပါ။

 

သူကလတ်တလောမှာ လူမှုကွန်ရက်မီဒီယာပေါ်မှာ အလှဓာတ်ပုံတွေဖော်ပြခဲ့ပြီး ပရိသတ်တွေကို လွမ်းမိကြောင်း ရေးသားဖော်ပြခဲ့တယ်လို့ အားကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

အဆိုပါ တေးဂီတအဖွဲ့ဟာ ယခင်က မတ်လအတွင်း တေးသီချင်းသစ်တွေနဲ့အတူ ပရိသတ်ရှေ့ အရောက်ပြန်လာမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ " ကြောင့် အဆိုပါအစီအစဉ်လည်း ဖြစ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်နေကြောင်းလည်း သိရပါတယ်။

 

အေးပြည့်