ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ တစ်ရက်လျှင် ၂၀၀၀ ခန့်ရှိ

ညောင်ဦး အောက်တိုဘာ  ၂၅

 

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ တစ်ရက်လျှင် ၂၀၀၀ ခန့် ရှိကြောင်း ညောင်ဦးမြို့ ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးထံမှ သိရသည်။

 

 

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်သူများအား ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဝင်ရောက်စေပြီး သီတင်းကျွတ် လပြည့်နေ့တွင် ဘုရားဖူး လာရောက်သူ ၉၀၀၀ ကျော်ခန့်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်တွင် ၅၅၀၀ ခန့်ရှိပြီး အောက်တိုဘာ ၂၅ ရက်တွင် ၂၀၀၀ ခန့်ရှိကြောင်း သိရသည်။

 

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)