ပုလောမြို့နယ်၌ ရွှေဝယ်သူခရီးသည် မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား

ပုလော ၂၃ ဇန်နဝါရီ            

 

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ပြည်သူ့ဆေးရုံကြီးအနီး၊ ဆောက်လုပ်ရေးဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာနရုံးအလွန်၊ မြို့ဦးကျောင်းအရှေ၌ ယနေ့ နံနက် ၅ နာရီအချိန်က ရန်ကုန်မြို့မှ မြိတ်မြို့သို့မောင်းနှင်လာသော ရွှေဝယ်သူခရီးသည် မော်တော်ယာဉ် express ကား ကားတိမ်း မှောက်မှုဖြစ်ပွားခဲ့သည်။

 

2

 

အဆိုပါ ရွှေဝယ်သူမော်တော်ယာဉ် express ကားပေါ်တွင် ခရီးသည် (၂၀) ခန့် လိုက်ပါစီးနင်းလာပြီး ကားတိမ်းမှောက်မှုကြောင့် ခရီးသည်များ ထိခိုက်ပွန်းပဲ့ဒဏ်ရာများ ရရှိကာ (မစိုးရိမ်ရ) ယာဉ်မောင်းမှာ ထွက်ပြေး သွားကြောင်းသိရှိရပြီး ပုလောမြို့နယ်ရဲစခန်းမှ ယာဉ်အားမဆင်မခြင်မောင်းနှင်သော ဦးကျော်လွင်ဦးအား အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထူးဝေယံ(ပြန်/ဆက်)