ပုသိမ်ကြီးနှင့်တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ၂၅  ဇန်နဝါရီ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၃ ရက် ည ၁၀ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ (၁၆)မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ခရီးသည်တင် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ခရီးသည် မသင်းသင်းမာထံမှ ဘိန်းဖြူ သုည ဒသမ ၀၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ နှင့် မဇော်ဂျီမြင့်ထံမှ ဘိန်းဖြူ သုည ဒသမ ၀၉ ကီလိုတို့ကို လည်းကောင်း။

ထို့အတူ ဇန်နဝါရီ ၂၄ ရက်မွန်းလွဲ  ၂ နာရီ ၄၅ မိနစ်တွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင် လော်ဘာမောင်းနှင်ပြီး မအားထွန့် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် အားတုမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

 (ရဲပြန်ကြား)