ရှားတောမြို့နယ် ရှားတော- လွိုင်ကော် ကားလမ်းမပေါ်တွင် ယာဉ်တစ်စီးတိမ်းမှောက်

ရှားတော ၄    ဧပြီ

ကယားပြည်နယ်၊ ရှားတောမြို့နယ် ရှားတော-လွိုင်ကော် ကားလမ်းမပေါ်တွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရှားတော-လွိုင်ကော် ကားလမ်းမြောက်ပိုင်းကျေးရွာအုပ်စု၊ ရဲစခန်းအနောက်ဘက် (၅)မိုင်ခန့်အကွာ ဦးဂျင်မီ၏ တောင်ယာတဲအနီး ယာဉ်တစ်စီးတိမ်းမှောက်နေကြောင်း သတင်းအရ တာဝန်ရှိသူများ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ လွိုင်ကော်ဘက်မှ ရှားတောဘက် (အနောက်မှအရှေ့)သို့ ယာဉ်မောင်း ဦးဖဲဘူး မောင်းနှင်လာသည့် ယာဉ်သည် ခြံစည်းရိုးအုတ်တိုင်နှင့် ရေသန့်ကတ်များ သယ်ဆောင်၍ ယာဉ်မောင်းတစ်ဦးတည်းမောင်းနှင်လာစဉ် နံနက်(၈)နာရီအချိန်ခန့် ကုန်းဆင်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သည်။

 

ယာဉ်တိုက်မှုကြောင့် ၎င်းယာဉ်၏ ရှေ့လေကာမှန် ယာဘက်ကွဲအက်ပျက်စီး၊ ယာဘက် တံကားအောက် ကာဗာပျက်စီး ဆုံးရှုံးပြီး  ယာဉ်မောင်း ဦးဖဲဘူးမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ရှားတောမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထွန်းအောင်(ပြန်/ဆက်)