ရေအသုံးချသူများအစုအဖွဲ့ တောင်သူများနှင့်တွေ့ဆုံ၍ ရေဖြန့်ဝေမှုစနစ်နှင့် သီးနှံစိုက်ပျိုးမှုပုံစံတို့ကို ဆွေးနွေး

နေပြည်တော်  ၁၂  ဇူလိုင်

 

ကယားပြည်နယ်၊ မိုးဗြဲဆည်ရေသောက်ဧရိယာတွင် မိုးစပါးစိုက်ပျိုးရေးအတွက် မိုးဗြဲဆည်တောင်သူများ ပါဝင်ဖွဲ့စည်းထားသည့် ရေအသုံးချသူများအစုအဖွဲ့ (Water User Group) နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ ဇူလိုင် ၁၂ ရက်က လွိုင်ကော်မြို့၊ ဝါရီကောခူကျေးရွာခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

 

ကယားပြည်နယ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းထားသော ဆည်၊ ကန်၊ ရေ လှောင်တမံပေါင်း (၃၂)ခုရှိပြီး လယ်မြေဧက (၅၀၀၀၀)ကျော်ကို စိုက်ပျိုးရေပေးဝေလျက်ရှိပြီး အဆိုပါ ဆည်၊ ကန်၊ ရေလှောင်တမံများမှ မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် ဆည်ရေပေးခြင်း လုပ်ငန်းများအား ဌာနနှင့်အအတူ စနစ်တကျစီမံခန့်ခွဲနိုင်ရန် ဆည်ရေသောက်တောင်သူများ ပါဝင်သည့် ရေအသုံးချသူများအစုအဖွဲ့ (၇၁) ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ဖြစ်သည်။

 

ရေအသုံးချသူများ အစုအဖွဲ့များ ဖွဲ့စည်းထူထောင်ခြင်းဖြင့် ရေရယူသော ရေအသုံးချတောင်သူများ စုပေါင်း၍ မိမိတို့စိုက်ပျိုးဧရိယာအတွင်း ရေဖြန့်ဝေမှုစနစ်နှင့် သီးနှံစိုက်ပျိုးမှုပုံစံတို့ကို စုပေါင်း၍ အကောင်းဆုံးအခြေအနေ ဖြစ်အောင် ဌာနနှင့်အတူ ကိုယ်တိုင်ပါဝင် စီမံနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ညီညီသန်း(နေပြည်တော်)

 

2121