ရေစကြိုမြို့နယ်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် လူနေအိမ် ၈ လုံးရွှေ့ပြောင်း

 

ရေစကြို သြဂုတ် ၃

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် သြဂုတ် ၃ ရက် နံနက် ၉ နာရီက ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာ၌ လူနေအိမ် ၈ လုံးရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် လူနေအိမ် ၈ လုံး၊ အိမ်ထောင်စု ၈ စု၊ လူဦးရေ ၃၈ ဦးတို့အား နီးစပ်ရာဆွေမျိုးများနေအိမ်၌ ယာယီနေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပြီး လူနေအိမ် ၈ လုံး ဖျက်သိမ်းခဲ့ရကြောင်းနှင့် အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နော်နော် (ချင်းတွင်းသား)