ရေကန်အတွင်း ငါးဖမ်းနေစဉ် ကျည်ဆံအဟောင်းများတွေ့ရှိ

နေပြည်တော်  ၅   ဇူလိုင်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ အလယ်ရွာကျေးရွာနေ အောင်ဌေးမင်းသည် ဇူလိုင် ၄ ရက်နေ့ ည ၆ နာရီက ၎င်းကျေးရွာရှိ  ရေအနက် ၂ ပေခန့် ရေကန်အတွင်း၌ ငါးဖမ်းနေစဉ် ပလတ်စတစ်အိတ်ဖြင့် ထည့်လျက် ၅.၅၆ ကျည် (၉၇) တောင့် တွေ့ရှိကြောင်း သတင်းအရ အလည်ရွာရဲကင်းစခန်းမှူး  ရဲအုပ် စောရွှေမောင် ဦးစီးပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးသိမ်းဆည်းပြီး အဆိုပါကျည်ဆံများအား နယ်မြေခံ တပ်သို့ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။                                                                           

(သတင်းစဉ်)