ရွှေကူမြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် လူနေအိမ်အချို့ပြောင်းရွှေ့

ရွှေကူ ၁၂ ဇူလိုင်

 

ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အမှတ်(၄) ရပ်ကွက်ရှိ လူနေအိမ်အချို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

 

ထိုသို့ပြောင်းရွှေ့ရာတွင် မြစ်ရေဝင်ရောက်လျက်ရှိသည့် အမှတ်(၄)ရပ်ကွက်မှ အိမ်ထောင်စု (၄) စုအား ရွှေကူမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဘေးလွတ်ရာသို့ ပစ္စည်းများ ထုတ်ပိုးသယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အိမ်ထောင်စု(၄)စုအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရွှေကူမြို့ အမှတ် (၄) ရပ်ကွက်ရှိ မြဝတီ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

 

ကျော်မျိုးအောင်(ပြန်/ဆက်)