ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် လှေတစ်စီး စပိန်ကျွန်း မလှမ်းမကမ်းတွင်နစ်မြုပ် ကိုးဦးသေဆုံး

၈ နိုဝင်ဘာ

 

စပိန်နိုင်ငံရှိ  ကနေရီကျွန်းစုများရှိရာ လန်ဇာရုတ်ကျွန်းကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူများ တင်ဆောင် လာသော လှေတစ်စီး တိမ်းမှောက်ခဲ့သဖြင့် ကိုးဦး သေဆုံးခဲ့ကြောင်း ဒေသကယ်ဆယ်ရေး အဖွဲ့အစည်းများက ယမန်နေ့က အတည်ပြုပြောကြားခဲ့သည်။

 

အဆိုပါ လှေမှာ ဗုဒ္ဓဟူးနေ့ အစောပိုင်းက ရာသီဉတုဆိုးရွားမှုနှင့် ရင်ဆိုင်နေရစဉ် Teguise မြို့နှင့်နီးကပ်သည့် ကျောက်ဆောင်များကို တိုက်မိပြီး တိမ်းမှောက်သွားခြင်းဖြစ်သည်။

 

ထိုလှေပေါ်တွင် ရွှေ့ပြောင်းသွားလာသူ ၁၂ ဦး မှ ၁၆ ဦးထိ ပါရှိသည်ဟု အသက်ရှင် ကျန်ရစ်သူများ၏ ပြောကြားချက်အရ သိရသည်။ ဗုဒ္ဓဟူးနေ့က အလောင်း ငါးလောင်း ကို တွေ့ရှိခဲ့သော်လည်း လေးဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ရေကြောင်း ကယ်ဆယ်ရေး အဖွဲ့အစည်းများ၊ ကင်းစောင့် တပ်ဖွဲ့များနှင့် ဒေသခံ ရဲတပ်ဖွဲ့တို့က ပျောက်ဆုံးနေသူများကို ရှာဖွေနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို