ရွှေတောင်၌ ကျောင်းစာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ     

ရွှေတောင် ၁၇  ဇန်နဝါရီ 

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရွှေတောင်မြို့နယ် (အ-ထ-က)ရွှေတောင်    ကျောင်းစာကြည့်တိုက်ပြန်လည် တိုးတက်ရေး စီမံချက်အရ မြန်မာနိုင်ငံစာကြည့်တိုက် အသင်း၏ အကူအညီအထောက်အပံ့ဖြင့် ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးသော ကျောင်းစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီက ကျင်းပသည်။

 

65

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြခွါညိုဦး၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးနိုင်၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးကြည်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြခွါညိုဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဆရာကြီး ဦးကြည်စိုးက အမှာစကားပြောကြားသည်။

 

ထို့နောက် ပြည်တက္ကသိုလ်မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း စာကြည့်တိုက်မှူး ဒေါ်ဇင်မာဦးက စာကြည့်တိုက်တိုးချဲ့ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဧည့်သည်တော်များက စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

 

ကိုကိုမင်း(ပြန်/ဆက်)