ရန်ကုန်-မန္တလေး ကားလမ်းဟောင်း ရွှေဝါရွာအနီး ကုန်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွား

ကျောက်တံခါး ၁၁ ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အောင်မြင်ကျေးရွာအုပ်စု တောကျွဲအင်းနယ်မြေရဲစခန်းအပိုင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ်(၁၀၉/) နှင့် ()အကြားတွင် ယနေ့နံနက် ၈ နာရီခန့်က ကုန်တင်ယာဉ်နှစ်စီး လမ်းအလယ်၌ မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းစိုးလွင် (၄၅)နှစ် ()ရပ်ကွက် စော်ဘွားကြီးကုန်း ကလောမြို့နယ် ရှမ်းပြည်နယ်နေသူ မောင်းနှင်သည့် ယာဉ်အမှတ် BGO-2M/---- ဖူဆိုအမျိုးအစား ခြောက်ဘီးဖြူစိမ်းရောင်ယာဉ်မှ ကော်ဖီထုတ်များ တင်ဆောင်မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင် ယာဉ်ကြော ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းကျော်လင်းစိုး (၃၆)နှစ် ကြာအင်းအရှေ့ရွာ လှည်းကူးမြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်သည့် ယာဉ်အမှတ် MDY-9M/------ဟီးနိုးအမျိုးအစား ၁၂ ဘီး ဝါစိမ်းရောင်ယာဉ်သည် ကားအပိုပစ္စည်းများတင်ဆောင်၍ မောင်းနှင်လာစဉ် လမ်းအလယ်၌ မျက်နှာချင်းဆိုင်တိုက်မိခဲ့သည်။

 

ယာဉ်တိုက်မိမှုကြောင့် လူများထိခိုက်ဒဏ်ရာ မရရှိသော်လည်း ကော်ဖီထုတ်များ တင်ဆောင်လာသည့် ဖူဆိုအမျိုးအစား ခြောက်ဘီးယာဉ်မှာ ယာဉ်ဦးခေါင်းပိုင်းဝဲဘက်ခြမ်း ပိန်ချိုင့်၊ ရှေ့ဝင်ရိုးတန်းကွေးကောက် ပျက်စီး၍ ကားအပိုပစ္စည်းများ တင်ဆောင်လာသည့် ဟီးနိုးအမျိုးအစား ၁၂ ဘီးယာဉ်မှာလည်း ယာဉ်ရှေ့ဦးခေါင်းပိုင်း ဝဲဘက်ခြမ်း ပိန်ချိုင့်ပျက်စီးကာ ရှေ့ဝင်ရိုးတန်း ကွေးကောက်ပျက်စီးခဲ့သည်။

 

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တံခါးမြို့နယ် အောင်မြင်ကျေးရွာအုပ်စု တောကျွဲအင်းနယ်မြေ ရဲစခန်းမှ ယာဉ်အား မဆင်မခြင်ပေါ့လျော့စွာ မောင်းနှင်သူ ယာဉ်မောင်းစိုးလွင်နှင့် ကျော်လင်းစိုးတို့အား အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ခင်ကို(ကျောက်တံခါး)