ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ပြောင်းဖူးအိတ်များ တင်ဆောင်လာသည့် (၂၀)ဘီးယာဉ်တွဲ တိမ်းမှောက်မှုဖြစ်ပွား

နေပြည်တော် ၅ ဇူလိုင်

ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် (၂၉၄/၃) နှင့် (၂၉၄/၄) အကြားတွင် ပြောင်းဖူးအိတ်များ တင်ဆောင်လာသည့် (၂၀)ဘီးယာဉ်တွဲကား (အဖြူရောင်) ယာဉ်သည် ဘီးပေါက်၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါယာဉ်တိမ်းမှောက်မှုအား ပျော်ဘွယ်မြို့နယ် မီးသတ်စခန်းနှင့် ယင်းတော်နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ )ရှိခဲ့ကြောင်း သိရသည်။

MDN

ဓာတ်ပုံ- Myanmar Fire Services Department