ရန်ကုန်မြို့ အခြေခံပညာကျောင်းတွေမှာ တိုးချဲ့ပြေးဆွဲမယ့် Yangon School Bus တွေ

ရန်ကုန်မြို့မှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းသား ကျောင်းသူတွေအတွက် နေ့စဉ်ကျောင်းတက် ကျောင်းဆင်းဖို့ ကျောင်းကားတွေ စီစဉ်ပေးလျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ကျောင်းကား တွေစီစဉ်ပေးလျက်ရှိရာမှာ လာမယ့် ၂၀၂၀ - ၂၀၂၁ ခုနှစ် ပညာသင်နှစ်မှာတော့ လက်ရှိပြေးဆွဲပေးနေတဲ့ ကျောင်းကားစီးရေထက် ပိုမိုပြေးဆွဲပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ရန်ကုန်တိုင်းသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (Yangon Region Transport AuthorityYRTA) အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျောင်းကားလုပ်ငန်း စံနမူနာပြ ဖြစ်လာအောင်၊ တိုင်းရင်းသားလုပ်ငန်းရှင်တွေလည်း စည်းကမ်းစနစ်တကျ ဆောင်ရွက်လာနိုင်အောင် School Bus အစီး ၂၀၀ ဝယ်ယူပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ စတင်ပြေးဆွဲခဲ့တာမို့ လာမယ့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် မှာ လက်ရှိကျောင်းကားအစီးရေရဲ့ ၈၀ ရာခိုင်နှုန်း ပြေးဆွဲဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်”လို့ YRTA ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးအောင်ညီညီမော်က ပြောပါတယ်။

၈၀ ရာခိုင်နှုန်းပြေးဆွဲ ဝန်ဆောင်မှုပေးမှာဖြစ် 

ရန်ကုန်မြို့ရဲ့ အခြေခံပညာကျောင်းတွေမှာ ၂၀၁၈-၂၀၁၉ ခုနှစ် ပညာသင်နှစ်မှာ ကျောင်းပေါင်း ခုနစ်ကျောင်းက ကျောင်းသား ကျောင်းသူဦးရေ ၁၄၂၅ ဦးကို ကျောင်းကား အစီးရေ ၆၇ စီးနဲ့ စတင်ဝန်ဆောင်မှုပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၉-၂၀၂၀ပြည့်နှစ် ပညာသင်နှစ်မှာတော့ အခြေခံပညာစာသင်ကျောင်းပေါင်း ၁၂ ကျောင်းအတွက် ကျောင်းကားစီး ရေပေါင်း ၁၀၇ စီးနဲ့ ကျောင်းသား ကျောင်းသူဦးရေ ၁၉၆ဝ ကို ပို့ဆောင်ဝန်ဆောင် မှုပေးခဲ့တာဖြစ်ပါတယ်။ လာမယ့် ၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ်မှာတော့ လက်ရှိ ကျောင်းကားစီးရေရဲ့ ၈၀ ရာခိုင်နှုန်းပြေးဆွဲ ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

Yangon School Bus calo ကျောင်းကားစနစ်ကို ဆောင်ရွက်တဲ့အခါ အမြတ်အစွန်းကို အဓိကမထားဘဲ ကျောင်းသားကျောင်းသူ လူငယ်တွေကို အန္တရာယ်ကင်းဘေးရှင်းစွာနဲ့ ကျောင်းရောက်အောင် စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ အရင်က ကျောင်းကားတွေဆိုရင် ကားမျိုးစုံ၊ အရွယ်အစားမျိုးစုံရှိနေကာ အရောင်နဲ့ခွဲခြား ထားမှုလည်းမရှိပါဘူး။ ကျောင်းကားစီးပွား ရေးပုံစံတစ်ခုလို ဖြစ်နေပါတယ်။ 

၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ကျောင်းကား သတ်မှတ်ချက် ၁၂ ချက်ကို ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီသတ်မှတ်ချက်တွေနဲ့ အညီ YRTA က ကျောင်းသားတွေကို ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ Yangon School Bus oocan Ecoton soal ယာဉ် မောင်းပါသလို ယာဉ်မယ်လည်းပါဝင်ပါတယ်။ ဒါ့အပြင် ကျောင်းကားတွေပေါ်မှာ စီစီတီဗွီကင်မရာတွေ တပ်ဆင်ထားသလို အဲဒီကင်မရာတွေကို YRTA ရုံးချုပ်ရဲ့ အိုင်တီ ဌာနကနေပြီး အစဉ်မပြတ်ကားတွေရဲ့ လှုပ်ရှားမှုနဲ့ကလေးတွေရဲ့ အခြေအနေကို စောင့်ကြည့် လျက်ရှိပါတယ်။ 

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ပုဂ္ဂလိက ကျောင်းကားတွေ အများကြီးရှိနေပါတယ်။ အဲဒီကျောင်းကားတွေကို စနစ်တကျနဲ့ စည်းကမ်းတကျဖြစ်အောင် ထိန်းသိမ်းကြပ်မတ်နေသလို YRTA က ပိုင်ဆိုင်ပြေးဆွဲနေတဲ့ ကျောင်းကားတွေဆိုရင်လည်း Yangon School Bus ဆိုတဲ့ စာလုံးကိုထင်ထင် ရှားရှားရေးသားထားပါတယ်။ ဒီလိုဆောင်ရွက်ပေးနေတာကလည်း တစ်ဦးချင်းပိုင် ကျောင်းကား ယာဉ်ပိုင်ရှင်တွေ မဆောင်ရွက်နိုင်တဲ့ အခြေအနေမှာ YRTA က ဖြည့်ဆည်းဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။ ယာဉ်စီးရေအများကြီးလျော့သွား “တကယ်တော့ ကျောင်းသားကျောင်းသူ တစ်ဦးကို မိဘတစ်ဦးက အိမ်ကားတစ်စီးနဲ့ ပို့ရင် ယာဉ်ကြောကျပ်တည်းမှုတွေဖြစ်တယ်။ School Bus တွေနဲ့စီးရင် ကလေးတွေအတွက် လုံခြုံရေးလည်း စိတ်ချရတယ်။ ကျောင်းသား ၂၈ ဦးကို တစ်စီးဆိုတော့ ယာဉ်စီးရေ အများကြီး လျော့သွားတယ်။ ကားလေး တွေထက် အခုလိုကျောင်းကားတွေကို မိဘတွေကလည်း စိတ်ဝင်စားတယ်။ ကျောင်းကားတွေကို ပထမဆုံးစတင်တဲ့ နှစ်မှာပဲ အစီးရေ ၂၇ စီးစပြီး ကျွန်မတို့ကျောင်းက ကလေးတွေစီးကြတယ်” လို့ ရန်ကင်း ပညာရေးကောလိပ် လေ့ကျင့်ရေးအလယ် တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်သီတာလှက ပြောပါတယ်။

ကျောင်းကားတွေပေါ်မှာ ခါးပတ်ပတ်ဖို့၊ ကျောင်းသားကျောင်းသူတွေ နေမကောင်း ဖြစ်ရင် ကားပေါ်မှာဆေးအိတ် ပါဝင်ပေမယ့် ဆေးတွေတည့် မတည့်ကို သက်ဆိုင်ရာ မိဘတွေဆီ ဖုန်းနဲ့ လှမ်းအကြောင်းကြား မေးမြန်းတာတွေကိုလည်း ကျောင်းကားပေါ်လိုက်ပါလာတဲ့ ယာဉ်မယ်တွေက ဆောင်ရွက်ပေးပါတယ်။ နောက်ပြီး ကျောင်းကားတွေပေါ် မှာ ကတ်စနစ်တပ်ဆင်ထားတာကြောင့် ကျောင်းသား ကျောင်းသူတွေ ကားပေါ်အတက်အဆင်းကို တိကျ မှန်ကန်စွာ ဖော်ပြပေးနိုင်ပါတယ်။

“ကျောင်းကားကို သတ်မှတ်နေရာမှာ ကျောင်းသား ဆင်းဖို့ရပ်ပေးပေမယ့် မိဘတွေ လာမကြို မချင်းကလေး ကို ကျောင်းကားပေါ်က ပေးမဆင်းဘူး၊ အုပ်ထိန်းသူ လက်ထဲရောက်မှ ကားထွက်တယ်။ တချို့မိဘတွေက လာမကြိုနိုင်ရင် အိမ်တိုင်ရာရောက် သွားပို့ရတာတွေလည်း ရှိတယ်။ ကားပေါ်စီးလာတဲ့ ကျောင်းသား ကျောင်းသူ လေးတွေက ကျွန်တော်တို့ သားသမီးတွေပါပဲ။ ယုံကြည်လို့ စီးကြတာဖြစ်တဲ့အတွက် ကျွန်တော့်မှာ တာဝန် အလွန်ကြီးပါတယ်။ ကျောင်းအပြန် မိဘလက်ထဲရောက်တဲ့ အထိ ကျွန်တော်တို့မှာ တာဝန်အပြည့်ရှိပါတယ်” လို့ ကျောင်းကားယာဉ်မောင်း တစ်ဦးဖြစ်တဲ့ ဦးတင်ထွေးဦးက ပြောပါတယ်။ 

ရန်ကုန်မြို့မှာ Yangon School Bus များကို TTCကမာရွတ်၊ TTC ရန်ကင်း၊ အထက(၂)မရမ်းကုန်း၊ လသာ(၁)၊ လသာ(၂)၊ အထက(၂) စမ်းချောင်း၊ အမက(၆) မြောက်ဥက္ကလာပ၊ အလက(၈) မြောက်ဥက္ကလာပ အမက(၁) မြောက်ဥက္ကလာပ၊ အမက(၄၆) ရွှေပေါက်ကံ စတဲ့ အခြေခံပညာကျောင်းတွေမှာ ပြေးဆွဲပေးနေပါတယ်။ ကျောင်းတွေ ထပ်မံတိုးချဲ့ပြေးဆွဲပေးနိုင်ရေးလည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။
ဒါကြောင့် ရန်ကုန်မြို့ရဲ့ အခြေခံပညာကျောင်းတွေ Up YRTA 30649, Yangon School Bus sozog တွေကို အစီးရေ ပိုမိုပြေးဆွဲပြီး ကျောင်းအရေအတွက် တိုးချဲ့ပြေးဆွဲနိုင်ရေးကို လာမယ့်ပညာသင်နှစ်မှာ စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ။

ဇင်လင်းမြင့်