ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင်အခမ်းအနား Virtual စနစ်ဖြင့်  ထုတ်လွှင့်မည်

နေပြည်တော် ၃၀ နိုဝင်ဘာ 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အခမ်းအနားကို ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို ၁ တွင် Virtual စနစ်ဖြင့် ကျင်းပမည် ဖြစ်သည်။ 

အဆိုပါ အခမ်းအနား ကျင်းပပုံများကို ဒီဇင်ဘာ ၁ ရက် ညနေ ၅ နာရီမှ စတင်၍ မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယိုတို့မှ ထုတ်လွှင့်ပြသသွားမည် ဖြစ်ပြီး MRTV Facebook Page  နှင့် University of Yangon Myanmar Facebook Page တို့မှ Live Streaming ထုတ်လွှင့်မည့်အပြင်  ဒီဇင်ဘာ ၁ ရက် ည ၉ နာရီတွင်လည်း ရန်ကုန်တက္ကသိုလ် ရာပြည့်ဂုဏ်ပြု အခြားအစီအစဉ်များနှင့်အတူ ထပ်မံထုတ်လွှင့် ပြသမည်ဖြစ်သည်။ 

ယင်းအစီအစဉ်ကို Up to Date ၊ Channel 9၊ Education Channel၊ Music Channel၊ DVB၊ Mizzima၊ YTV ရုပ်သံလိုင်းများ၊   ရွှေ FM ရေဒီယို အစီအစဉ်နှင့် MOI Webportal Myanmar Facebook Page၊ Myanmar Digital News Facebook Page နှင့်  Padamyar FM Broadcasting Page တို့မှလည်း ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်