ရုရှားစစ်တပ်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးထိုးနှံရေးအစီစဉ်စတင်

၂၈ နိုဝင်ဘာ

 

ရုရှားစစ်တပ်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးထိုးနှံရေးအစီစဉ်စတင်ကြောင်းနဲ့ အဲဒီအစဉ်ကနေ တပ်သား ၄၀၀,၀၀၀ ကျော်ကို ထိုးနှံပေးသွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

 

စစ်သား ၂,၅၀၀ ကျော်မှာ ဗိုင်းရပ်စ်ရောဂါပိုးကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း နဲ့ နှစ်ကုန်မှာ စစ်သား ၈၀,၀၀၀ အထိထိုးနှံပေးဖို့ ပြင်ဆင်ထားကြောင်း ကာကွယ်ရေး ဝန်ကြီးက ပေးပါတယ်။

 

ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး  ဟာ ၉၅ ရာခိုင်နှုန်းအစွမ်းထက်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Sputnik V ကာကွယ်ဆေး ဟာ တခြားဆေးကုမ္ပဏီအချို့က ထုတ်လုပ်တဲ့ ဆေးထက် သိမ်းဆည်သိုလှောင်ရာတွင် အထူးလိုအပ်ချက်မလိုအပ်သလို ဈေးနှုန်းကလည်း သက်သာတာကို တွေ့ရပါတယ်။

 

သမ္မတ ပူတင်ရဲ့ ညွှန်ကြားမှုနဲ့ စစ်သားတွေကို ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး  ကာကွယ်ဆေး ထိုးနှံပေးတာ ဖြစ်ကြောင်း ပြောပေမယ့်  ကာကွယ်ဆေးထိုးနှံရေးတွင် ကိုယ်တိုင်ရွေးချယ်မှု ရှိ၊မရှိ ကို ကာကွယ်ရေးဝန်ကြီးက ထုတ်ပြန်ပြောကြားခြင်းမရှိတာကိုတွေ့ရပါတယ်။

 

အသက် ၆၅ နှစ်အရွယ် ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်လည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေး ထိုးပြီးကြောင်း သိရပါတယ်။

 

ရုရှားစစ်တပ်တွင်းမှာ နွေဦးရာသီကစပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံရသူ ၄,၁၀၀ ကျော်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

MDN

ကိုးကား - AFP