သံတောင်ကြီးမြို့တွင် ရပ်ကွက်-၂  နှင့် မလေးကုန်း ဆက်သွယ်ထားသည့် လမ်းအား ကွန်ကရစ်ခင်း

သံတောင်ကြီး ၁ ဒီဇင်ဘာ

ကရင်ပြည်နယ်၊   ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်   ခွင့်ပြုရန်ပုံငွေဖြင့်  သံတောင်ကြီးမြို့ရှိ   ရပ်ကွက်-၂ နှင့် မလေးကုန်း ဆက်သွယ်ထားသည့်   လူသွားလမ်း (မြေနီလမ်း) အား  မြေသားများချဲ့ကာ  ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သံတောင်ကြီးမြို့သည်   တောင်ပေါ်မြို့ ဖြစ်သည့်အားလျော်စွာ   ဒေသခံပြည်သူများအနေဖြင့် သွားလာရေးတွင်    အဆင်ပြေ ချော့မွေ့စေရန်၊  ကုန်စည်စီးဆင်းမှုနှင့်  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်   လွယ်ကူလျင်မြန်စေရန်အတွက်  ယခုကဲ့သို့ ကွန်ကရစ်လမ်းများခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း  မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဦးကံချားထံက သိရှိရသည်။

 

အဆိုပါ  ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို   မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဦးကံချား၏ ကြီးကြပ်မှုနှင့်အတူ   ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏   ခွင့်ပြုရန်ပုံငွေ(၁၉)သန်းဖြင့်  လမ်းအရှည် (၉၀၀)  ပေ၊   အကျယ်(၆)ပေ နှင့်  ထု(၆)လက်မ   ဖြစ်ပြီး လုပ်ငန်းပြီးစီးမှု(၉၀)ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)