သပိတ်ကျင်းမြို့နယ်အတွင်း အများပြည်သူသုံးရေကန်များ၌ Cyanide အဆိပ်ခတ်သူအား ဖမ်းဆီးအရေးယူ

နေပြည်တော် ၂၆ ဇန်နဝါရီ

တရားမဝင် ရွှေလုပ်ငန်းလုပ်ကိုင်စဉ် ဆင်မွှေးကျေးရွာသူ/ကျေးရွာသားများ၏ သတင်းပေးချက်အရ ဖမ်းဆီးခံရသည်ဟု ယူဆသဖြင့် ၎င်းရွာအား လက်စားချေလို၍ ခိုင်းစေခြင်းဖြစ်ကြောင်း ကနဦးစိစစ်ချက်အရ သိရှိရပြီး ပြစ်မှုကျူးလွန်သူ ()ဦးကို ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရှိရသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၁ ရက် နံနက် နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဆင်မွှေးကျေးရွာနေ ဒေါ်ဌေးဝင်းသည် အများသုံးရေကန်တွင်းမှ ရေဖြင့် မျက်နှာသစ်၊ ပလုတ်ကျင်းခဲ့ရာ အော့အန်သေဆုံးခဲ့ပြီး မွန်းလွဲ နာရီကျော်ခန့်တွင် ဒေါ်ဌေးဝင်း အသုံးပြုခဲ့သော ရေကန်နှင့် ပေ(၃၀၀)ခန့်အကွာရှိ အများသုံးရေကန်မှ ရေကိုသောက်သုံးခဲ့သည့် အမျိုးသမီးတစ်ဦးသည်လည်း အော့အန်၍ ဆေးကုသခဲ့ရသောကြောင့် ရေနမူနာများကို ဓါတုဗေဒစစ်ဆေးရေးဌာနသို့ ပို့အပ်စစ်ဆေးခဲ့ရာ Cyanide အဆိပ်စမ်းသပ်တွေ့ရှိသဖြင့် သပိတ်ကျင်းမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ မသင်္ကာသူ မင်းခန့်မောင် () ခိုင်ဇော်လတ်၊ ရွှေအင်းအလုပ်သမား၊ အထက်ပုဏ္ဏားကျေးရွာ၊ သပိတ်ကျင်းမြို့နယ်နေသူအား စစ်ဆေးရာ တစ်ရွာတည်းနေ ရွှေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ငွေကျပ် ()သိန်းပေး၍ ရေကန်များအတွင်း Cyanide အဆိပ်ထည့်ရန် ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသူသည် လွန်ခဲ့သော ()နှစ်ခန့်က ဘက်ဟိုး()စီးဖြင့် တရားမဝင် ရွှေလုပ်ငန်းလုပ်ကိုင်စဉ် ဆင်မွှေးကျေးရွာသူ/ ကျေးရွာသားများ၏ သတင်းပေးချက်အရ ဖမ်းဆီးခံရသည်ဟု ယူဆသဖြင့် ၎င်းရွာအား လက်စားချေလို၍ ခိုင်းစေခြင်းဖြစ်ကြောင်း ကနဦးစိစစ်ချက်အရ သိရှိရပြီး Cyanide အနည်းငယ်ကို အများသုံး ရေကန်()ကန်အတွင်း ထည့်ခဲ့ကာ ကျန်နေသည့် Cyanide များကို တောထဲ၌ လွှင့်ပစ်ထားခဲ့ကြောင်း ထွက်ဆိုချက်အရ သွားရောက်ရှာဖွေရာ ၎င်းလွှင့်ပစ်ခဲ့သည့်နေရာမှ ပလတ်စတစ်အိတ်အနက်ရောင်ဖြင့် ထုပ်လျက် Cyanide များအား တွေ့ရှိသိမ်းဆည်းရရှိခဲ့သည်။

ယင်းဖြစ်စဉ်တွင် တရားမဝင် ရွှေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆင်မွှေးရွာသူရွာသားများအပေါ် အငြိုးအတေးထားကာ အများသုံးရေကန်အတွင်း Cyanide အဆိပ်ခတ်၍ လုပ်ကြံခြင်းသည် အလွန်အန္တရာယ်ကြီးမားပြီး လူအများအပြားကို သေကြေစေနိုင်သည့် လုပ်ရပ်ဖြစ်သောကြောင့် ပြစ်မှုကျူးလွန်သူ ()ဦးကို ထိရောက်ပြစ်ဒဏ်ရရှိစေရေးနှင့် ကွင်းဆက်တရားခံ ရှိ/မရှိ ဆက်လက်စိစစ်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အလေးထား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MDN

Credit. ရဲဇာနည်