Stay at Home ကာလ အမရပူရမြို့နယ်တွင် အိမ်တွင်းစိုက်ပျိုးမှု များပြားလာ

အမရပူရ ၂၇ စက်တင်ဘာ

မန္တလေးမြို့ အမရပူရမြို့နယ်အတွင်း Stay at Home ကာလ အိမ်တွင်းစိုက်ပျိုးမှု များပြားလျက်ရှိကြောင်း သိရသည်။ လက်ရှိကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါသည် အသုံးအစွဲချွေတာရမည်၊ စည်းကမ်းတကျ နေထိုင်ရမည်ကို ပညာပေးသကဲ့သို့ ဖြစ်နေသည့်အတွက် ပြည်သူအများစုမှာ အိမ်နောက်ဖေး ဈေးဆိုင်တည်သည့် စိုက်ပျိုးရေးများကို ပိုမိုလုပ်ကိုင်လာကြောင်း သရက်တန်းကျေးရွာမှ ဒေါ်အုန်းမြိုင်က ပြောပြသည်။

လက်ရှိကာလ အိမ်ဝိုင်းများ၊ ခြံဝိုင်းများအတွက် အပိုဝင်ငွေရရှိစေရန်နှင့် အိမ်မီးဖိုချောင်စားရိတ် သက်သာစေရန် ပြည်ပန်းညိုပင်၊ ဘူးပင်၊ ခဝဲပင်၊ ကင်ပွန်းချဉ်ပင်၊ သံပုရိုပင်၊ ကန်စွန်း၊ ဆလပ်၊ မုန်ညင်းများကို စိုက်ပျိုးမှုများပြားလာသည်။

စိုက်ပျိုးမှုတွင်ကျယ်စေရန်အတွက် ဘူးပင်၊ ခဝဲပင်များကို စင်တင်စနစ်ဖြင့် စိုက်ပျိုးကာ စင်အောက်တွင် နေရောင်ခြည်အနည်းငယ်ရရုံဖြင့် ရှင်သန်ဖြစ်ထွန်းသည့် နံနံပင်နှင့် ဆလပ် မုန်ညင်းများကို ပေါင်စနစ်ဖြစ် စိုက်ပျိုးကြသည်။ အိမ်ဝိုင်း ခြံဝိုင်း စည်းရိုးနံဘေးတွင်  ပြည်ပန်းညိုပင်၊ ပဲတောင့်ရှည်များ စိုက်ပျိုးကြသည်။ လက်ရှိကာလ ပြည်ပန်းညိုပျိုးပင်တစ်ပင်လျှင် ငွေကျပ် ၅၀၀၊ ကင်ပွန်းချဉ်ပျိုးပင်တစ်ပင်လျှင် ငွေကျပ် ၂၅၀ ဖြင့် ဝယ်ယူစိုက်ပျိုးကြသည်။ အိမ်စိုက်ခင်းမှထွက်သော ပြည်ပန်းညိုတစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ဖြင့် ဖောက်သည်ပေးရကြောင်း အိမ်တွင်းမှု စိုက်ပျိုရေးကို အားထားလုပ်ကိုင်လာသည့် အိမ်ရှင်မ ဒေါ်အုန်းမြိုင်က ပြောပြသည်။

တိမ်တမန်