သတင်းအရင်းအမြစ်တွေက ဘယ်လိုမှန်ကန်မှုရှိသလဲ၊ ဘယ်လိုအမြင်နဲ့ရေးသားထားသလဲ သိဖို့လိုအပ်

၁ နိုဝင်ဘာ

ယနေ့ခေတ်သည် နည်းပညာသစ်များ တိုးတက် ဖွံ့ဖြိုးလာသည်နှင့်အမျှ သတင်း အချက်အလက်များသည် အလွန်လျင်မြန်စွာ စီးဆင်းလျက်ရှိ သည်။ သတင်းစားသုံးသူ ပြည်သူလူထု အတွက် တစ်ဖက်က ကောင်းကျိုးများ ရှိသကဲ့သို့ သွေးရိုးသားရိုးသတင်း မှားယွင်းမှုများ၊ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးလာသည့် သတင်းတု များကြောင့် ဆိုးကျိုးများလည်းရှိ သည်။ ယင်းဆိုးကျိုးများသည် မြန်မာတစ်နိုင်ငံတည်းမဟုတ်၊ ကမ္ဘာလုံးဆိုင်ရာသို့ပင် သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

a

 

ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရက်သတ္တပတ်ကို အောက်တိုဘာ ၂၄ ရက်မှ ၃၁ ရက် အထိ သတ်မှတ်ပြီး ယူနက်စကိုက ဦးဆောင်၍ တစ်ကမ္ဘာလုံးအနေ ဖြင့် ၂၀၁၂ ခုနှစ်မှ စတင်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ယူနက်စကို၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနရှိ သတင်းအတတ်ပညာ ဌာနနှင့် Myanmar ICT Development Organization (MIDO) တို့ ပူးပေါင်း၍ ၂၀၁၈ ခုနှစ်က စတင်ကျင်းပခဲ့သည်။ ယခု ၂၀၁၉ ခုနှစ်သည် ဒုတိယအကြိမ် ဖြစ်သည်။

ယနေ့ အခမ်းအနားတွင် တက် ရောက်ဆွေးနွေးသူများ၏ စကားသံ များကို စုစည်းဖော်ပြလိုက်ရပါသည်။

ဒေါက်တာသန့်သော်ကောင်း
အမှုဆောင်ဒါရိုက်တာ

မြန်မာစာ ပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်း စောင့်ရှောက်မှု ပရဟိတအဖွဲ့
အဓိက ဆွေးနွေးတာက Media and Information Literacy ဆိုတာ ဘာလဲ။ အရင်က ဆရာဇော်ဂျီတို့ ဘာသာပြန်ခဲ့တာက သုတပညာ ကျွမ်းကျင်မှု ဖြစ်ပါတယ်။ ရှေးခေတ် ကတော့ အရေးအဖတ် အတွက်အချက် ရရင်ရပြီ။ အခုခေတ် ၂၁ ရာစုမှာ ဒစ်ဂျစ်တယ်နည်းပညာတွေ ပါဝင်လာပြီ ဖြစ်လို့ လူငယ်ရော၊ လူကြီးတွေပါ သတင်း အချက်အလက်တွေ ဘယ်လို ရှာဖွေရမယ်၊ သတင်းအရင်းအမြစ်တွေ က ဘယ်လိုမှန်ကန်မှုရှိလဲ၊ သတင်း အချက်အလက်တွေကို နားလည်နိုင်ဖို့၊ စွမ်းအားတွေရှိဖို့၊ ဘယ်လိုအမြင်နဲ့ ရေးသားထားလဲ စတာတွေကို သိရှိဖို့ လိုအပ်လာပြီ။ မိမိရှာဖွေထားတဲ့ သတင်း အချက်အလက်တွေကို ပြန်သိမ်းဆည်းတတ်ရမယ်၊ ပြန်ယူ တတ်ရမယ်၊ ပြီးရင် ကိုယ်တိုင်လည်း ဖန်တီးတတ်ရမှာပဲ။ ဒါက လူမှုကွန်ရက် တစ်ခုတည်းမဟုတ်ဘူး။ You Tube ကနေ ဖန်တီးတာရော၊ ပြန်မျှဝေတဲ့ အခါမှာ သူတစ်ပါးကို မထိခိုက်ဖို့ဖြစ်ရမယ်။

ဒီစွမ်းရည်တွေအားလုံး ပြန်စုစည်း ထားတဲ့အရာက Media and Infor- mation Literacyပါ။ ဒါကို သိခြင်း အားဖြင့် ပြည်သူတွေရော အထူးသဖြင့် ဝန်ထမ်းတွေပါ ကျင့်ဝတ်ဆိုင်ရာတွေ ကို ထိန်းသိမ်းတတ်လာမယ်။ ရုံးလုပ် ငန်းတွေမှာလည်း ပိုပြီး စွမ်းဆောင် ရည်တွေ တိုးတက်လာမယ်။ လူငယ် တွေဆိုရင်လည်း ကိုယ့်ရဲ့အချက် အလက်တွေကို လူမှုကွန်ရက်တင်ရာ မှာ သတိပြုဖို့လိုတယ်။ အလုပ်အချို့မှာ ဆိုရင် အင်တာဗျူးတွေမှာ မိမိတို့ရဲ့ ကွန်ရက်ထဲဝင်ကြည့်ပြီး ဘယ်လို လူစားမျိုးလဲဆိုတာ အကဲဖြတ် ခန့်မှန်းမှုတွေ ဆောင်ရွက်ကြတယ်။ အခုခေတ်မှာ ဒစ်ဂျစ်တယ်နည်းပညာ တွေ နားလည်သဘောပေါက်ထားရင် ပေါင်းသင်း ပြောဆိုဆက်ဆံရာမှာ နောက်မကျဘူးလို့ မြင်ပါတယ်။ Digital literacy ဆိုတာကလည်း Media literacy အောက်မှာပါတဲ့ အတွက် မူလတန်း၊ အလယ်တန်းဆိုရင် စပြီး သင်လို့ရပါပြီ။ Digital literacy ဆိုတာကလည်း အရင်လို Microsoft Window လောက် တတ်မြောက်ရုံ မဟုတ်တော့ဘဲ Online ပေါ်မှာ အချက် အလက်တွေကို ဘယ်လိုရယူသိမ်းဆည်း မျှဝေမလဲ၊ သူတစ်ပါးကို မထိခိုက် အောင် လုပ်ဆောင်တတ်မလဲဆိုတာ တတ်မြောက်ဖို့ လိုအပ်လာပြီ။ ငယ်စဉ် ကတည်းက သိရှိတတ်မြောက်ထားဖို့ လိုပါတယ်။ ဒါတွေက အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လို ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး လုပ်တယ်ဆိုတာ အင်မတန် ကောင်းပါတယ်။ ဆရာ အတတ်သင်ကျောင်းတွေမှာ သင်ကြား ပေးခြင်းအားဖြင့် ကျောင်းသား ကျောင်းသူတွေကို ပြန်ပြီးဝေမျှနိုင်မှာ ဖြစ်ပါတယ်။

ဒေါ်ထိုက်ထိုက်အောင် (MIDO)
အမှုဆောင် ဒါရိုက်တာ
Myanmar ICT Development
Organization

မြန်မာနိုင်ငံအနေနဲ့ဆိုရင် အင်တာ နက်နဲ့ လူမှုကွန်ရက်ကတစ်ဆင့် သတင်းတွေ ပိုပြီးများပြားလာ၊ ပွင့် လင်းလာကြတယ်။ ဒီလို ပေါ်ပေါက် တာနဲ့အမျှ တစ်ဖက်မှာလည်း များပြား လှတဲ့သတင်းတွေကို ဘယ်လိုခွဲဝေ ဆန်းစစ်မလဲ၊ ပိုပြီးကောင်းမွန်တဲ့ သတင်းတွေကို ရှာဖွေနိုင်မလဲဆိုတဲ့ အသိပညာက အားနည်းနေသေးတယ်။ ဒီတော့ နည်းပညာတိုးတက်လာ ပေမယ့် အသိပညာကတော့ အားနည်း နေသေးတယ်လို့ ယူဆပါတယ်။ အဓိကကတော့ အင်တာနက်နဲ့ ဆိုရှယ် မီဒီယာတွေ ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာကိုတော့ သိထားသင့်တယ်။ ဒါတွေက အရင်ကလို သတင်းတွေ ဂျာနယ်တွေကလိုမျိုး တကယ့်ကို လုပ်ငန်းခွင်ဝင်နေတဲ့ သတင်းသမား တွေကနေ တင်သွင်းတဲ့သတင်းတွေ၊ သာမက ဘယ်သူမဆိုအွန်လိုင်းပေါ်မှာ သတင်းတွေတင်လို့ရတယ်၊ ရေးလို့ရ တယ်ဆိုတော့ ဒါတွေကို တကယ့် အပြင်က မီဒီယာလို့သတ်မှတ်ပြီး တွေ့မြင်နေသမျှ သတင်းတွေကို ယုံမိ သွားလိမ့်မယ်။

 

a

 

နောက်တစ်ခုက နည်းပညာရပ်ရဲ့ အပြင်ဘက်မှာရှိတဲ့ သတင်းတွေကို အသုံးပြုမယ်ဆိုရင် ပိုပြီးကြောင်းကျိုး ဆက်စပ်တွေးတောရမယ်၊ အခြား သတင်း အရင်းအမြစ်တွေကိုလည်း ရှာဖွေဖတ်ရှုရမယ်၊ မိတ်ဆွေ သူငယ် ချင်းတွေ မျှဝေတာကိုလည်း မယုံဘဲ ကိုယ်တိုင်အွန်လိုင်းမှာ လူမှုကွန်ရက် ကနေတစ်ဆင့်ကြည့်ပြီး မလုံလောက် ဘူးဆိုရင် အဲဒီသတင်း ဝက်ဘ်ဆိုက်ကို သွားရောက်ပြီး သေသေချာချာ ဆန်း စစ်ဖတ်ရှုမှသာလျှင် ယုံကြည်သင့် တယ်လို့ထင်ပါတယ်။ အထူးသဖြင့် အွန်လိုင်းပေါ်မှာ မီဒီယာနဲ့သတင်း အချက်အလက် သိနားလည်မှုနဲ့ ပတ် သက်ရင် သတင်းအမှားတွေ၊ သတင်း အတုတွေနဲ့ ပတ်သက်ရင် နှစ်ပိုင်းရှိ တယ်။ တစ်ပိုင်းက သတင်းအမှားတွေ ကို သိသိနဲ့ဖန်တီးပြီး ဖြန့်ဝေတဲ့အပိုင်း၊ နောက်တစ်ပိုင်းက သာမန် ပြည်သူ တွေ သတင်းအမှားတွေကို သေသေ ချာချာမသိဘဲ သတင်းကြောင့် စိုးရိမ် ပူပန်ရတယ်ဆိုပြီးမသိဘဲ ပြန်လည် ဖြန့်ဝေမိတယ်ဆိုရင် အဲဒီကတစ်ဆင့် ပိုပျံ့နှံ့သွားနိုင်တယ်ဆိုတာ သိရှိထား သင့်ပါတယ်။

ဒေါ်နိုင်နိုင်အေး
စီမံကိန်းအရာရှိ
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်
ယဉ်ကျေးမှု အဖွဲ့အစည်း (ယူနက်စကို)

မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုက လူတိုင်းအတွက် အရေးကြီးတယ်။ လူတွေနေ့စဉ်နဲ့အမျှ သုံးစွဲလာတဲ့အချိန်မှာ ကိုယ်လက်လှမ်း မီတဲ့ ရယူတဲ့ သတင်းအချက်အလက်ကို ဆန်းစစ် ဝေဖန်ပိုင်းခြားနိုင်ဖို့ ကိုယ် လက်ခံတဲ့ အချက်အလက်တွေက မှန်၊ မမှန် ပိုင်းခြားဖို့၊ ပြီးတော့မှ ဒါတွေကို ဆင်ခြင်ဉာဏ်ရှိရှိ ထိထိရောက်ရောက် ကျင့်ဝတ်နဲ့အညီ အသုံးချဖို့၊ သူများကို တစ်ဆင့်မျှဝေဖို့ ဒီစွမ်းရည်တွေကို မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုလို့ခေါ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ငန်းစဉ်အနေနဲ့ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုတွေ အများကြီးထဲမှာ ငါးချက်ကို ကျွန်မတို့အနေနဲ့ ဖော်ထုတ် ထားတာရှိပါတယ်။ အဲဒီ ငါးချက်က မီဒီယာ သိနားလည်မှု၊ လူမှုမီဒီယာ သိနားလည်မှု၊ သတင်းအချက်အလက် သိနားလည်မှု၊ ဒစ်ဂျစ်တယ် သိနားလည် မှုနဲ့ သတင်းသိနားလည်မှုစတဲ့ အချက် တွေကို မြန်မာနိုင်ငံမှာ ဦးစားပေး အနေနဲ့ အာရုံစိုက်ပြီး အသိပညာပေးသင့် တယ်ဆိုတာ တွေ့ရှိထားပါတယ်။

 

a

 

အခုခေတ်မှာ လူငယ်တွေကအစ လူကြီးတွေအထိ မိုဘိုင်းဖုန်းတွေက တစ်ဆင့် မီဒီယာတွေကို ထိတွေ့ သုံးစွဲလာတဲ့အချိန်မှာ အထူးသဖြင့် အင်တာနက်တွေကို သုံးလိုက်လို့၊ ဒါမှမဟုတ် မျှဝေသုံးစွဲလိုက်လို့ ဖြစ် လာနိုင်တဲ့အကျိုးဆက်တွေ၊ သတင်း မှားတွေ၊ လုပ်ကြံသတင်းတွေကို ပိုင်းခြားဝေဖန်နိုင်ဖို့၊ ကလေးတွေဆို ရင် ကိုယ့်အသက်အရွယ်တွေနဲ့ မဆီလျော်၊ မသက်ဆိုင်တဲ့ အကြောင်း အရာတွေကို လက်လှမ်းမီသုံးစွဲတာမျိုး၊ မျှဝေတာမျိုးတွေအပြင် ပတ်ဝန်းကျင် က ဆိုက်ဘာနှောင့်ယှက်မှုတွေ ခံရတဲ့ အခါ၊ သက်ရောက်လာတဲ့အခါ ဆင်ခြင်ဉာဏ်ရှိရှိ ကျင့်ဝတ်နဲ့အညီ တားဆီးဖို့၊ အသုံးချနိုင်ဖို့အတွက် မီဒီယာနှင့် သတင်းအချက်အလက် သိ နားလည်မှုက အရေးပါလာတာဖြစ်တယ်။

ဟံသာဝတီ ဦးအုံးကြိုင်
ဥက္ကဋ္ဌ မြန်မာနိုင်ငံသတင်းမီဒီယာ
ကောင်စီ

မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုက တိုင်းပြည်မှာ အများ ကြီး လိုအပ်တာကြောင့် ဒီလိုဆွေးနွေး ပွဲတွေ အသိပညာပေးမှုတွေက ပြည်သူ တွေအကြား စိမ့်ဝင်ဖို့ အများကြီးလို အပ်ပါတယ်။ ဒီကနေ့ တိုင်းပြည်မှာ အနှောင့်ဆုံးက ဆိုရှယ်မီဒီယာပါပဲ။ တိုင်းပြည်တုန်ခါလောက်အောင်၊ ပျက် စီးသွားလောက်အောင် ဖြစ်နိုင်တဲ့ အခြေအနေမျိုး ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မဏ္ဍိုင်လေးရပ်ဆွေးနွေး ပွဲ ပြည်ထောင်စုအဆင့်ကို ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က ပြန်ကြားရေး ဝန်ကြီးဌာနမှာ လုပ်ပါတယ်။ အောက်တိုဘာ ၇ ရက်ကနေ ၁၉ ရက် အထိ ဥရောပကို ခရီးထွက်တုန်းက ဒါတွေနဲ့ ပတ်သက်ပြီး လေ့လာတဲ့အခါ သူတို့နိုင်ငံတွေက ကျွန်တော်တို့ လောက်မဆိုးဘူး။ ဆိုရှယ်မီဒီယာက ကျွန်တော်တို့တိုင်းပြည်မှာ တော် တော်ဆိုးတယ်။ ကျွန်တော်တို့မှာ ဆောင်ရွက်စရာတွေ အများကြီးရှိ တယ်။ ဒါတွေကို ဖယ်ရှားဖို့ထက် ပြည်သူတွေကို အသိပညာပေးဖို့လိုပါ တယ်။ ဒီဆွေးနွေးပွဲတွေက အင်မတန် အဖိုးတန်ပါတယ်။ ဆက်ပြီး ကျယ်ကျယ် ပြန့်ပြန့် လုပ်ပေးဖို့လိုမယ်လို့ ယူဆ တယ်၊ အကြံဉာဏ်ပေးချင်ပါတယ်။

ဒေါ်ဟန်နီဝင်း
စာတည်း
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

မီဒီယာနဲ့ သတင်းအချက်အလက် သိနားလည်မှုက ကျွန်မတို့ မြန်မာနိုင်ငံ အတွက် လိုအပ်လာပါပြီ။ ဒီနေ့ ဆွေး နွေးပွဲမှာ လူမှုမီဒီယာ သိနားလည်မှု အသိပညာကို မြန်မာနိုင်ငံမှာ ကျယ် ပြန့်ဖို့ လိုအပ်နေပြီဖြစ်တဲ့အကြောင်း အားလုံးက ဆွေးနွေးခဲ့ကြပါတယ်။ လူမှုမီဒီယာသုံးစွဲမှုက မြန်မာနိုင်ငံမှာ သန်း ၂၀ လောက်ရှိတယ်လို့ သိရပါ တယ်။ လူမှုမီဒီယာတွေ သုံးစွဲတဲ့အခါ Privacy ထားရှိသင့်တဲ့အကြောင်းကို လည်း ဆွေးနွေးကြပါတယ်။ ဒီလို ဆွေးနွေးပွဲမျိုးတွေ၊ အသိပညာပေး လှုပ်ရှားမှုတွေ ထပ်ပြီးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါမှသာ မီဒီယာနဲ့ သတင်းအချက်အလက် သိနားလည်မှု အသိပညာက ပြည်သူ တွေကြားမှာ စိမ့်ဝင်ပျံ့နှံ့ပြီး သတင်း အမှားတွေ၊ သတင်းအတုအယောင် တွေ၊ အမုန်းစကားတွေကို ကျော်လွှားသွားနိုင်မှာဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်း - ဝင်းစန္ဒီ
ဓာတ်ပုံ - ဇော်မင်းလတ်