ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ e-ID စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း စီမံကိန်းလုပ်ငန်း ဆောင်ရွက်ချက်များ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်
e-ID စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း စီမံကိန်းလုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။