တံတားဦးမြို့နယ်၌ မော်တော်ယာဉ်မှ လျှပ်စစ်မီးတိုင်အား ဝင်ရောက်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားကာ ယာဉ်မောင်း သေဆုံး 

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ မန္တလေးလေဆိပ်အထွက်လမ်း၊ မိုင်တိုင်အမှတ် (၇/၆)၌ ဇွန် ၁၈ ရက် ညပိုင်းက မော်တော်ယာဉ်မှ လမ်းဘေးရှိ လျှပ်စစ်မီးတိုင်အား ဝင်ရောက်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားကာ ယာဉ်မောင်းသေဆုံးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ဘွိုင်လာအိုး ပေါက်ကွဲမှု ဖြစ်ပွားပြီး ၁ ဦး သေ၊ ၅ ဦး ဒဏ်ရာရ
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ထူးကောင်းစံစက်ရုံ၌ မရမ်းကုန်းမြို့နယ်၌ ဇွန် ၁၈ ရက်က မွန်းလွဲပိုင်းက ကွန်ကရစ်တိုင်ထုတ်လုပ်ရေး ဘွိုင်လာအိုး ပေါက်ကွဲမှုဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ  ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်မှ ငွေများအား အလွဲသုံးစားပြုလုပ်သူ ဒုဘဏ်မန်နေဂျာအား အရေးယူထား
ကျီနီကမ္ဘာ့ရတနာဘဏ်ခွဲ ဒုမန်နေဂျာ သည် အများပြည်သူ ယုံကြည်အပ်နှံငွေ ကိုယ်ကျိုးအတွက် အလွဲသုံးစား ထုတ်ယူသုံးစွဲခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
အမြန်လမ်း မိုင်တိုင်အမှတ် ၁၆/၇ နှင့် ၁၆/၆ အကြားတွင် Canter ယာဉ်တစ်စီး စလစ်ဖြစ်ကာ တိမ်းမှောက်မှုဖြစ်ပွား၊ထိခိုက်ဒဏ်ရာရသူ မရှိ
လှည်းကူးမြို့နယ်၊ အမှတ်(၃)အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆/၇ နှင့် ၁၆/၆ အကြားတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ကျော်လွင်စိုး ၃၀ နှစ်၊ တောင်ဒဂုံမြို့နယ်နေသူ မောင်းနှင်ပြီး ထက်ဝေယံအောင်၊ ၂၈နှစ်၊ မြောက်ဥက္ကလာပမြို့နယ်နေသူတို့ လိုက်ပါလာသော ယာဉ်အမှတ် 4E/---- Canter အဖြူရောင်ယာဉ်သည် မောင်းနှင်နေစဉ် စလစ်ဖြစ်ကာ လမ်းဘေးမြေသားလမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့သည်။
သင်္ဃန်းကျွန်း၊ တာချီလိတ်နှင့် မူဆယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သံဖြူဇရပ်မြို့နယ်၌ အမျိုးသမီး ၄ ဦး ရေနစ်သေဆုံး
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကဝါကျေးရွာ၌ ဇွန် ၁၇ ရက် ည ၇ နာရီက အမျိုးသမီး ၄ ဦး ရေနစ်သေဆုံးနေကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ် ၂၉၃ တန်ကျော် ဖမ်းဆီးရမိ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက် ပစ္စည်းများ ----