ထိပ်ဆုံးမှာ ရပ်တည်နေဆဲ On

၂၄  မတ်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်သော BTS ရဲ့ တေးအယ်လ်ဘမ်သစ်မှာ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ On ရဲ့ တေးဗီဒီယိုဟာ ယခု သီတင်းပတ်အတွင်းမှာလည်း ဒေသတွင်း တေးဂီတဇယားမှာ ထိပ်ဆုံးကနေ ဦးဆောင်ထားဆဲဖြစ်ပါတယ်။

အဆိုပါ တေးဗီဒီယိုဟာ ယခုလို ထိပ်ဆုံးမှာ ရပ်တည်နိုင်တာ သီတင်းပတ်သုံးပတ် ဆက်တိုက်ရှိခဲ့ပြီဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဒေသတွင်း တေးဂီတဇယားတစ်ခုဖြစ်တဲ့ စွန်ပီ တေးဂီတဇယားမှာ ကြည့်ရှုသူအများဆုံးသော တေးဗီဒီယိုတွေအနက် အဆိုပါ တေးဗီဒီယိုက ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။ နံပါတ်နှစ်နေရာမှာ ITZY ရဲ့ တေးဗီဒီယို Wannabe က ရပ်တည်နေပြီး တတိယနေရာ မှာ IZ*ONE ရဲ့ Fiesta က ရပ်တည်နေကြောင်းလည်း သိရပါတယ်။

အေးပြည့်-ရေးသားသည်