ထိုင်းနိုင်ငံ တောင်ပိုင်းမှာ သူပုန်လို့ ယူဆရသူတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၅ ဦး သေဆုံး

၆ နိုဝင်ဘာ

 

ထိုင်းနိုင်ငံ တောင်းပိုင်မှာ မူဆလင်သူပုန်လို့ ယူဆရသူတွေက တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရှိခဲ့ကြောင်း စစ်တပ် ပြောရေးဆိုခွင့်ရသူက ဒီကနေ့ ပြောကြားပါတယ်။ အခုသေဆုံးတဲ့ ဦးရေဟာ နှစ်အတော်အကြာ အတွင်းမှာ အများဆုံး သေဆုံးခဲ့တဲ့ အရေအတွက် ဖြစ်ပါတယ်။

 

ထိုင်းတောင်ပိုင်း ရာလာပြည်နယ် အတွင်းက စစ်ဆေးရေးဂိတ်ကို သေနတ်ကိုင်ဆောင်ထားတဲ့ လူ ၁၀ ခန့်က မနေ့ညပိုင်း ၁၁ နာရီ ၂၀ ခန့်က သေနတ်နဲ့ ပစ်ခတ်ရာ ဂိတ်စောင့် ၁၁ ဦးဟာ နေရာတွင် သေဆုံးပြီး ၄ ဦးက ဒီကနေ့မနက်ပိုင်း ရာလာဆေးရုံတွင် ကွယ်လွန်ခဲ့ပါတယ်။

 

အဲဒီစစ်ဆေးရေးဂိတ်ကို ဒေသတွင်းက လုပ်အားပေး ကာကွယ်ရေးတပ်က တာဝန်ယူထားတာ ဖြစ်ပါတယ်။  စစ်ဆေးရေးဂိတ်ရှိ M-16 ရိုင်ဖယ်တွေနဲ့ shotgun သေနတ်တွေပါ ပျောက်ဆုံးသွားကြောင်း စစ်တပ်ပြောခွင့်ရသူ က ပြောပါတယ်။

 

ထိုင်းဝန်ကြီးချုပ်က သေဆုံးသူ မိသားစုကို ဝမ်းနည်းစကား ပြောကြားကြောင်းနဲ့ သေနတ်သမားတွေနဲ့ ဆက်စပ်မှု ရှိသူတွေကို ချေမှုန်းသွားမှာ ဖြစ်ကြောင်းနဲ့ အဲဒီသေနတ်သမားတွေကိုလည်း တရားစီရင်ရေးဆီ အမြန်ဆုံးရောက်ရှိအောင် လုပ်ဆောင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

 

လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ မလေးမူဆလင်များရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၇,ဝ၀ဝ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP