ထိုင်းနိုင်ငံက ရေတံခွန် တစ်ခုမှာ selfie ရိုက်ရင်း ခြေချော်ပြီး ပြင်သစ် ခရီးသွားတစ်ဦး သေဆုံး

၁၅ နိုင်ဝင်ဘာ

 

ထိုင်းနိုင်ငံရှိ ကိုရ်ဆမွင်အီ (Koh Samui) ကျွန်းရှိ နာမောင်-၂ ရေတံခွန်ပေါ်ကနေ အသက် ၃၃ နှစ်အရွယ် ပြင်သစ်ခရီးသွားတစ်ဦး selfie ရိုက်ဖို့ကြိုးစားရင်း ချော်ကျပြီး သေဆုံးကြောင်း ဒီကနေ့ (သောကြာနေ့)က ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားပါတယ်။

 

ပြီးခဲ့တဲ့ ဂျူလိုင်လကလည်း အဲဒီရေတံခွန်ရှိ အခုခြေချော်ကျတဲ့ နေရာကနေ စပိန်ခရီးသွား တစ်ဦး ချော်ကျပြီး သေဆုံးခဲ့ကြောင်း၊ ရေတံခွန်ဟာ အလွန်ချောပြီး စောက်နက်တဲ့အတွက် ပြင်သစ်ခရီးသွားရဲ့ ခန္ဓာကိုယ်ကို သယ်ဆောင်ရန် နာရီပေါင်းများစွာ ကြာကြောင်း ဒေသခံ ရဲအရာရှိက ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွားတွေအတွက် လုံခြုံတဲ့နေရာလို့ ယုံကြည်တဲ့အတွက် နှစ်စဉ် ခရီးသည် ၃၅ သန်းကျော် လာရောက် လည်ပတ်လေ့ရှိပါတယ်။

 

၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံ တောင်ပိုင်းမှာ တရုတ်ခရီးသွားများ တင်ဆောင်လာတဲ့ လှေတိမ်းမှောက်ခဲ့တဲ့အတွက် ခရီးသည် ၄၇ ဦး သေဆုံးခဲ့ပါတယ်။

 

MDN

ကိုးကား - AFP