ထူးခြားဆန်းပြား ကမ္ဘာ့တစ်ခွင်မှသတင်းများ

ထွန်းသစ်စ

သက်ရှိတွေအတွက် သင့်တော်တဲ့ ဂြိုဟ်ကြီးတစ်လုံး

နက္ခတ္တဗေဒပညာရှင်များက သက်ရှိတွေနဲ့ သင့်တော်တဲ့ ကမ္ဘာထက် နှစ်ဆပိုမိုကြီးမားတဲ့ ဂြိုဟ်ကြီးတစ်လုံးကိုရှာဖွေတွေ့ရှိထားကြပြီး အဲဒီပေါ်မှာ သက်ရှိတွေ တကယ်နေလို့ ရ မရ စူးစမ်းလေ့လာသွားမယ်လို့ ပြောကြား လိုက်ပါတယ်။ အခုတွေ့ရှိထားတဲ့ ဂြိုဟ်ဟာ ကမ္ဘာမြေကြီးထက် ကြီးမားသော်လည်း နက်ပကျွန်းဂြိုဟ်ထက်ငယ်တယ်လို့ ဆိုပါတယ်။

ကိန်းဘရစ်တက္ကသိုလ်က စူးစမ်းလေ့လာရေးအဖွဲ့ တစ်ဖွဲ့ ဟာ K2- 18b လို့အမည်ပေးထားတဲ့ အဲဒီဂြိုဟ်ရဲ့ ထုထည်၊ အချင်းဝက်နဲ့လေထုအနေအထား ဆိုင်ရာ အချက်အလက်များကို လေ့လာခဲ့ကြပြီးနောက် အဲဒီဂြိုဟ်ဟာ သက်ရှိတွေအတွက် သင့်တော်တဲ့အနေအထားတစ်ခု ဖြစ်လာနိုင်ကောင်းတယ်လို့ ဆုံးဖြတ်ချက်ချခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါ လေ့လာတွေ့ရှိချက်ကိုလည်း အက်စထိုဖီဆစ်ကယ် ဂျာနယ်မှာလည်း ထုတ်ဖော်ခဲ့ပါတယ်။

K2- 18b လို့အမည်ပေးထားတဲ့ အဲဒီဂြိုဟ်ဟာ အလင်းနှစ်ပေါင်း ၁၂၄ သန်းအကွာမှာရှိပြီး ကမ္ဘာမြေကြီးရဲ့ အချင်းဝက်ထက် ၂ ဒသမ ၆ ဆ၊ ထုထည် အားဖြင့် ၈ ဒသမ ၆ ဆပိုကြီးကြောင်း၊ သက်ရှိတွေနေထိုင်နိုင်တဲ့ ဇုန်အတွင်း တည်ရှိကြောင်း ရှာဖွေတွေ့ရှိထားပါတယ်။

အဆိုပါနေရာရှိ အပူချိန်သည် အရည်များတည်ရှိနေနိုင်လောက်တဲ့ပမာဏရှိပြီး ဟိုက်ဒရိုဂျင်ပမာဏပေါကြွယ်ဝကြောင်း ရှာဖွေတွေ့ရှိထားပါတယ်။ သို့သော်လည်း အဆိုပါဂြိုဟ်ကြီးအတွင်း လေထုအနေအထားနဲ့ အတွင်းပိုင်း မျက်နှာပြင်အနေအထားတွေကို ဆက်လက်လေ့လာစူးစမ်းသွားရဦးမှာ ဖြစ် တယ်လို့ ဆိုပါတယ်။

သက်ရှိတွေနေထိုင်လို့ရတဲ့ ဇုန်အတွင်းတည်ရှိတိုင်း သက်ရှိတွေတကယ် နေထိုင်နိုင်တာမဟုတ်သေးကြောင်း၊ နောက်ထပ် စူးစမ်းလေ့လာမှုတွေ ထပ်လုပ် ဖို့လိုသေးကြောင်း နက္ခတ္တဗေဒဆိုင်ရာ ကိန်းဘရစ်တက္ကသိုလ်မှ ဒေါက်တာ နစ်ကူမက်ဒူဆူဒန်က ပြောကြားပါတယ်။ သူဟာ အခုတွေ့ရှိထားတဲ့ ရလဒ်ကို ဦးဆောင်တွေ့ရှိသူတစ်ဦး ဖြစ်ပါတယ်။

သက်ရှိတွေ တကယ်နေလို့ရမရဆိုတဲ့ မျှော်လင့်ချက်တွေကို တကယ် အကောင်အထည်ဖော်ဖို့ဆိုရင် အဲဒီဂြိုဟ်ရဲ့ အတွင်းပိုင်းကို တကယ့်ကိုကောင်းမွန်စွာ နားလည်နေဖို့လိုကြောင်းလည်း သူကဆက်လက်ပြောကြား လိုက်ပါတယ်။

 

ုြုြ့‌ေ

အနီရောင်သွေးနှင့်ပြင်များရှိရာ အန္တာတိက

ယူကရိန်းနိုင်ငံပညာရေးနှင့်သိပ္ပံဝန်ကြီးဌာနက တွေ့နေမြင်နေကျမဟုတ်တဲ့ တစ်မူထူးခြားတဲ့ အနီရောင်သွေးလို ရေခဲခင်းပြင်များရှိတဲ့ အန္တာတိကပုံကို လူမှုမီဒီယာမှာ ဖော်ပြလိုက်တယ်ဆိုရင်ပဲ ဒါဟာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပါပြီ။

အန္တာတိကရဲ့ နေရာတွေမှာ အခုလိုမျိုး အနီရောင်သွေးခင်းပြင်များ ရှိနေမှုဟာ အတော်ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုဖြစ်နေပြီး အဲဒါကို အပူချိန် ၁၈ ဒသမ ၃ ဆဲစီးရပ်စ်ရှိတဲ့ အနေအထားမှာ တွေ့ရတာဖြစ်ပါတယ်။

အဲဒီလိုထူးခြားတဲ့ ဖြစ်စဉ်တွေကို ဖော်ပြထားတဲ့ ပုံတွေကို ယူကရိန်းပညာရေးနှင့် သိပ္ပံဝန်ကြီးဌာနက ဖေ့စ်ဘုတ်မှာ ဝေမျှခဲ့တာဖြစ်ပါတယ်။ အဲဒီအနီရောင်သွေးနှင်းပြင်တွေကို အန္တာတိကကမ်းခြေတစ်လျှောက် ထူးခြားစွာတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ။

လတ်တလောတွင် အန္တာတိကအခြေအနေဟာ နွေသို့ရောက်ရှိနေပြီး အပူချိန်မှာလည်း မှတ်တမ်းတင်ရလောက်အောင် မြင့်မားနေတဲ့အချိန်မှာ အခုလိုထူးခြားမှုကို တွေ့ရှိတာပဲ ဖြစ်ပါတယ်။ ဗာနက်စကီသုတေသနအဖွဲ့ကတော့ ရက်စ်ဘယ်ရီဆီးနှင်းလို့ အမည်ခေါ်ခဲ့ကြောင်း သိရပါတယ်။

 

 

့ြထထိျ

လူ့ဘယ်ဘက်ဦးနှောက်နဲ့ပတ်သက်ပြီး သုတေသီတို့ရဲ့ လွဲမှားမှုများ

တစ်မူထူးခြားတဲ့ လူသားတွေရဲ့ သိမြင်ခံစားမှုဟာ မျိုးရိုးလိုက်ပြီးအချိုး မညီတဲ့ပုံစံမျိုးမှ အလိုက်သင့်ဆင့်ကဲပြောင်းလဲမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဦးနှောက်ဟာ မျောက်ဝံကြီးတွေရဲ့ ဦးခေါင်းခွံနဲ့တူတဲ့ ဦးခေါင်းခွံမှာ မှတ်သား မှုတွေလုပ်ဆောင်ပါတယ်။ လူသားတွေဟာ ကာလကြာရှည်တဲ့ အမှတ်သင်္ကေတတွေကို ကောင်းမွန်စွာ မှတ်မိလေ့မရှိပါဘူး။ လူသားတွေရဲ့ အချိုးမညီတဲ့ ဦးနှောက်ပုံစံဟာ တစုတစည်းတည်း စုဝေးနေပါတယ်လို့ သုတေသနအသစ် တွေမှာ ဖော်ပြထားပါတယ်။ ဦးနှောက်ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်းတွေဟာ လုပ်ငန်းဆောင်ရွက်မှုတွေမှာ များစွာပါဝင်နေပါတယ်။ ဘေးတိုက်ပြောင်းပြန်လုပ်ဆောင်မှုတွေနဲ့ အချိုးမညီတဲ့ဦးနှောက်နဲ့ ဆက်သွယ်တည်ရှိနေမှုတွေဟာ လူသားတွေမှာ ကောင်းမွန်စွာ မှတ်တမ်းတင်ထားသလိုဖြစ်နေစေပါတယ်။ ။

ဒါပေမယ့်မျောက်ဝံကဲ့သို့သော နီးကပ်တဲ့ သက်ရှိတွေနဲ့ ဆက်သွယ်မှုတွေ ရှိနေတဲ့ ဦးနှောက်ရဲ့ အချိုးမညီမှုတွေကိုတော့ အနည်းငယ်သာသိရှိထား ကြပါတယ်။ သိပ္ပံပညာရှင်တွေဟာ အချိုးမညီတဲ့လူသားတွေရဲ့ ဦးနှောက်ဟာ ကာလရှည်ကြာတဲ့ အမှတ်သင်္ကေတတွေအနေနဲ့ ဘယ်လောက်ကြာအောင် ဖြစ်ပေါ်နေမလဲဆိုတဲ့အပေါ် စိန်ခေါ်မှုတစ်ရပ်လို ဖြစ်ပေါ်နေပြီဖြစ်ပါတယ်။

 

အန္တာတိကရေခဲပြင်တွေက ရာသီဥတုကိုကာကွယ်ပေး

ကုန်းတွင် အန္တာတိကရေခဲပြင်တွေမှာ ရေထုပမာဏအတော်များများပါဝင် လာပြီးတော့ အဲဒါက ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ကို မီတာအတော်မြင့်မြင့်အထိ မြင့်တက်မှုတွေဖြစ်ပေါ်စေပါတယ်။

အခုလိုရေခဲပြင်တွေက ရာသီဥတုအတွက် မရှိမဖြစ်အရေးပါတယ်ဆိုတာကို သုတေသနအသစ်တစ်ခုမှာ တွေ့လိုက်ရပါတယ်။ အဲဒီသုတေသနကိုတော့ သဘာဝဂျာနယ်မှာ ဖော်ပြလိုက်ပါတယ်။

ရေခဲပြင်တွေဟာ ပင်လယ်သမုဒ္ဒရာကြီးရဲ့ အပူချိန်မြင့်မားလာမှုကို ကာကွယ်ပေးပြီး ရေခဲကျွန်းမျောတွေ ပျော်ကျမှုကိုလည်း ကာကွယ်ပေး ထားပါတယ်။

ကိုးကား - ဆိုင်းရင့်ဒေလီ