ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းသို့(ဒုတိယနေ့) တွင် လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကား

ရေကြည်  ၂၅    ဇန်နဝါရီ  

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော(ရေကြည်) ကလေးစာပေပွဲတော်စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်(ဒုတိယနေ့)ကို ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ရာထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းသို့ လာရောက် လေ့လာသူများပြားလျက်ရှိကြောင်း သိရသည်။

 

‌ေ

 

အဆိုပါ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်းတွင် ဧရာဝတီတိုင်းအတွင်းမှပေါ်ထွက်လာသောသမ္မတဓါတ်ပုံများ ၊နိုင်ငံရေး၊ စာပေ၊ အနုပညာဂီတနယ်ပယ် အသီးသီးတွင် ကျော်ကြားသည့် ဧရာဝတီတိုင်းသားများ၏ ဓာတ်ပုံများကို ချိတ်ဆွဲပြသထားရာ လာရောက်လေ့လာသူများဖြင့် စည်ကားနေကြောင်း သိရသည်။


အောင်သူဟန်၊ နေဝင်းမြင့်၊ စိုးမင်းဦး(ပြန်/ဆက်)