တာလေ၌ အသက် နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း တိုက်ကျွေးခြင်းများ  ဆောင်ရွက်

တာလေ၊ ၄ ဒီဇင်ဘာ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့ နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲ၌ အသက် နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်း အစီအစဉ်ကို ဒီဇင်ဘာ  ၄  ရက်   နံနက်ပိုင်းက ဆောင်ရွက်သည်။

 

ထိုသို့  ဆောင်ရွက်ရာတွင် နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်ခင်ခင်ရီက ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးပေးခြင်းအစီအစဉ်နှင့် ကာကွယ်နိုင်သော ရောဂါများအကြောင်းကို ဆွေးနွေးပြောကြားသည်။

 

အဆိုပါ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များကို  ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေး ခြင်းများကို တာလေမြို့ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်ခင်ခင်ရီက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း၊ ကျန်းမာရေးစေတနာ့ဝန်ထမ်းများက နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲ အပိုင်နယ်အတွင်းရှိ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေး ငယ် ၃၀ အား ဝက်သက်-ဂျိုက်သိုး၊ bcg ကာကွယ်ဆေး၊ pcv ငါးမျိုးစပ်ကာကွယ်ဆေး၊ penta ပြင်းထန် အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ opv  ပိုလီယိုအစက်ချကာကွယ်ဆေးများ ထိုးခြင်းနှင့် တိုက်ကျွေးခြင်းများ  ဆောင်ရွက်ခဲ့သည်။

 

အောင်ကျော်မိုး(တာလေ)