တာတိုအပြေးချန်ပီယံ အူစိန်ဘော့ ကိုဗစ် - ၁၉ ကူးစက်ခံရ

ကင်စတန်း ၂၆  ဩဂုတ်

တာတိုအပြေးချန်ပီယံ အူစိန်ဘော့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသည့်အတွက် ဩဂုတ် ၂၄ ရက်က စတင်ကာ အသွားအလာကန့်သတ်ထားကြောင်း ဂျမေကာ မီဒီယာများတွင် ဖော်ပြထားသည်။

၎င်း၏ ၃၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ကျင်းပပြီးနောက် ရက်မကြာမီမှာပင် ကိုဗစ်-၁၉ ကူးစက် ခံရခြင်းဖြစ်သည်။ ရှစ်ကြိမ်တိုင်တိုင် အိုလံပစ် ချန်ပီယံဆုရရှိခဲ့သည့် အူစိန်ဘော့ က ၎င်းနှင့် ထိတွေ့မိသူများကို အသွားအလာ ကန့်သတ်ထားသည့် စင်တာများသို့ သွားရောက်ရန် တိုက်တွန်းထားသည်။

တိုက်တွန်းထား အလုပ်ကိစ္စအတွက် ဂျမေကာနိုင်ငံမှ ထွက်ခွာရန် ကိုဗစ်-၁၉ ရှိ မရှိ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရောဂါ တွေ့ရှိရသည့်အတွက် အပြင်မထွက်ဘဲ လုံခြုံစိတ်ချစွာ နေထိုင်မည်ဟု တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ ၎င်းတွင် မည်သည့်ရောဂါလက္ခဏာမျှ မပြသော်လည်း သီးခြားခွဲနေထိုင်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများကိုခံယူမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ယင်းမတိုင်မီ ၎င်းနှင့်ထိတွေ့သူများနှင့် သူငယ်ချင်းများကို သီးခြားခွဲနေထိုင်ကြရန် တိုက်တွန်းမှုပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

စုံစမ်းလျက်ရှိ အူစိန်ဘော့၏မွေးနေ့ပွဲသို့ တက်ရောက်ခဲ့သူများ၏ အခြေအနေများကို ရဲများက စုံစမ်းလျက်ရှိသည်ဟု ဂျမေကာဝန်ကြီးချုပ် အန်ဒရူးဟိုးနက်စ်က ပြောသည်။ အူစိန်ဘော့သည် ၂၀၁၇ ခုနှစ်က လန်ဒန်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ချန်ပီယံပြိုင်ပွဲတွင် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည်။

ဘန်ကောက်ပို့စ်