တစ်အူထုံဆင်း ညီရင်းအစ်ကို မောင်ရင်းနှမ မိသားစုများ

၂၄  ဇန်နဝါရီ

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုဂုဏ်ပြဆောင်းပါး

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားလူမျိုးများသည် ယခုမြန်မာ့မြေပေါ်တွင် လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီကာလအတွင်းကတည်းက တစ်မြေတည်းနေ တစ်ရေတည်းသောက်ကာ တစ်မိသားစုတည်းမှဆင်းသက်ပေါက်ဖွားလာကြသူများ ဖြစ်သည်ဟု ဘိုးဘွားဘီဘင်တို့နှင့် သမိုင်းဆရာတို့၏ မှတ်တမ်းများအရဆိုကြသည်။

လူ့သမိုင်းဆက်

လူ့သမိုင်းဖြစ်စဉ်သဘောအရ ဖြစ်နိုင်ဖွယ် အကြောင်းအချက်များစွာရှိသည်။ လူ့သမိုင်းဆက်ကို ခြေရာကောက်မည်ဆိုလျှင် ကျွန်ုပ်တို့သည် မိမိတို့၏ မိဘ၊ ဘိုးဘွားတို့ကိုသာ တိတိကျကျ မှတ်မှတ်သားသား ပြောနိုင်၊ ဆိုနိုင်ကြသည်။ မိမိတို့၏ မိဘ၊ ဘိုးဘွားမှ လွန်သည့် ဘေး၊ ဘီ၊ ဘင် နှင့်အထက်တို့ကိုဆိုလျှင် ရှေးရှေးက မည်သူမည်ဝါဖြစ်ကြသည်ကို သိနိုင်ကြမည် မဟုတ်ပေ။ ရှားရှားပါးပါးမှတ်တမ်းတင်ကြသူများ၊ သမိုင်းအမှတ်အသားကောင်းသူများသာ ပြောနိုင်ဆိုနိုင် ကြမည်ဖြစ်သည်။ များသောအားဖြင့် ပြောဆိုနိုင်သည်မှာ လူ့သမိုင်းအဆက်ဆက်အား မှတ်တမ်းတင်ခဲ့ကြသည့် သမိုင်းပညာရှင်များ၊ သုတေသီများ၊ စာဆိုတော်များ၏ ထုတ်ဖော်ချက်များအရသာ လေ့လာသိရှိနိုင်မည် ဖြစ်သည်။ ထင်ရှားသည့်သမိုင်းမှတ်တမ်းများတွင်ကမ္ဘာဦး တည်စ မဟာသမ္မတမင်းမှအစ နောက်ဆုံးမင်းဆက် ကုန်းဘောင်ခေတ်အထိ မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ။

မြန်မာပြည်သို့ လူသားမျိုးနွယ် အစဉ်အဆက် သက်ဆင်းပေါက်ဖွားလာပုံများကို မြန်မာ့သမိုင်း မှတ်တမ်းများ၊ ဦးဖိုးကျား၏ မြန်မာရာဇဝင်မှတ်တမ်းနှင့်မြန်မာပြည် လူသားမျိုးနွယ်မှတ်တမ်းများတွင် တွေ့နိုင်သည်။ ယခုတင်ပြလိုရင်းဖြစ်သည့် တိုင်းရင်းသားမျိုးနွယ်များ သက်ဆင်းလာပုံမှာ တင်ပြခဲ့ကြသော ရှေးသမိုင်း ဆရာများ၏ မှတ်တမ်းအထောက်အထားများဖြစ်၍ ဖြစ်နိုင်ခြေများသော စိတ်ဝင်စားဖွယ် သမိုင်းမှတ်တမ်း များဖြစ်သည်။

လူမျိုးတို့၏သမိုင်းအစ

မြန်မာနိုင်ငံအတွင်းသို့ စတင်သက်ဆင်းပေါက်ဖွားလာသော လူမျိုးတို့၏ သမိုင်းအစသည် အာရှတိုက် အလယ်ပိုင်း တိဗက်ကုန်းမြေမြင့်ဒေသ မွန်ဂိုလူမျိုးနွယ်စုကြီးမှ စတင်ရောက်ရှိလာသည်ကို မြန်မာရာဇဝင်သမိုင်း

 

အထောက်အထားများက ဖော်ပြလျက်ရှိသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ရှေးဦး စတင်အခြေချနေထိုင်ကြသော လူမျိုးတို့သည် ရာဇဝင်သမိုင်းတွင် ဆိုသည့်အတိုင်း အာရှတိုက်အလယ်ပိုင်း ကုန်းမြေမြင့်ဒေသဆီမှ တောင်ဘက်သို့ တရွေ့ရွေ့ ပြောင်းရွှေ့အခြေချနေထိုင်လာကြသည်ဟု သမိုင်းသုတေသီ တို့က ယူဆကြသည်။

နှစ်ကာလကို အတိအကျမပြောနိုင်သော်လည်း မွန်ဂိုမျိုးနွယ်ကြီးထဲမှ လူမျိုးအုပ်စုတို့သည် အာရှတိုက် အလယ်ပိုင်း တရုတ်ပြည်၏ အနောက်ဘက်ရှိ ယန်စီနှင့် ဟိုဟန်ဟို မြစ်ကြီးနှစ်သွယ်မြစ်ဖျားခံရာ ကုန်းမြင့်ဒေသတွင် အခြေချနေထိုင်ခဲ့ကြရာမှ တောင်ဘက်ဆီ ရေကြည်ရာ မြက်နုရာသို့ ရွှေ့ပြောင်း နေထိုင်လာကြသည်ဟု ယုံကြည်ထားကြသည်။

လူမျိုးအုပ်စုကြီးများ

မွန်ဂိုမျိုးနွယ်မှ သက်ဆင်းပေါက်ဖွားလာသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးတို့သည် (၁)မွန်ခမာအုပ်စု၊ (၂) တိဗက်မြန်မာအုပ်စု၊ (၃)ထိုင်းတရုတ်အုပ်စုဟူ၍ လူမျိုးအုပ်စုကြီး သုံးစုခွဲကာ ဝင်ရောက်လာသည်ဟု ဆိုကြပါသည်။ ။

မွန်ခမာလူမျိုးအုပ်စုကြီးသည် မြန်မာပြည်သို့ ပထမဆုံးဝင်ရောက်လာသော လူမျိုးအုပ်စုဖြစ်ပြီး မဲခေါင်နှင့် သံလွင်မြစ်ဝှမ်းအတိုင်း ဝင်ရောက်လာကြကာ အချို့ ( အနောက်ဘက်သို့လှည့်၍ မြန်မာပြည်အတွင်းသို့ ရောက်ရှိလာကြသည်။ ထိုလူမျိုးအုပ်စုကြီးမှ ယနေ့ကာလတိုင် မြန်မာပြည်ရှိ မွန်၊ ""၊ ပလောင်၊ မြောင်၊ ပဒေါင် စသည့် လူမျိုးများအဖြစ် ပေါ်ထွန်းလာခဲ့ကြသည်။

တိဗက်မြန်မာလူမျိုးအုပ်စုကြီးသည် တောင်ဘက်သို့ ဆင်းသက်ပြီး လမ်းကြောင်းသုံးကြောင်း ခွဲသွားခဲ့ရာ ခွဲထွက်သောလမ်းကြောင်းများအလိုက် ချင်း၊ ကချင်အုပ်စု၊ မြန်မာနှင့် ရှေးမြန်မာအနွယ်အုပ်စု၊ လိုလိုအုပ်စုဟူ၍ အုပ်စုသုံးစုကွဲသွားခဲ့သည်။ ချင်း၊ ကချင်အုပ်စုတွင် အုပ်စုကွဲများထပ်မံခွဲထွက်လာသည်။ မြန်မာနှင့်ရှေးမြန်မာ နွယ်အုပ်စုသည် ဧရာဝတီမြစ်ဖျားမှ ဆင်းသက်လာကာ ပထမဆုံးရာဇဝင်တွင် တကောင်းမြို့၌ အခြေချခဲ့ပြီး တောင်ဘက်လွင်ပြင်များဆီသို့ ပြောင်းရွှေ့လာခဲ့ကြသည်။ ဤမြန်မာအုပ်စုမှတစ်ဆင့် ယခု ရခိုင်တိုင်းရင်းသားတို့သည် အနောက်ဘက်သို့ခွဲထွက်ပြီး ယခုရှမ်းပြည်နယ်အတွင်းရှိ အင်းသားနှင့် တောင်သူလူမျိုးတို့သည် အရှေ့ဘက်သို့ ခွဲထွက်လာကြသူများဟု ယုံကြည်ကြသည်။

ရှေးမြန်မာအနွယ်ဝင်

ဗမာလူမျိုးတို့သည် တောင်ဘက်သို့ဆင်းသက်လာရာ၌ ယခုလက်ရှိ ကချင်ပြည်နယ်တွင် ရ၀မ်၊ လရှိ၊ မရူနှင့် အဇီးလူမျိုးများ ဖြစ်တည်ကျန်ရစ်ခဲ့သည်။ အထက်ပါ လူမျိုးများ၏ ဘာသာစကားနှင့်သဘာဝမှာ ဗမာနှင့် ဆင်သည်ကိုတွေ့ရလေသည်။ ထို့ကြောင့် ကနဦးမှာ ဗမာတစ်မျိုးတည်းဖြစ်ပြီး ဗမာများတောင်ဘက်သို့ ရွှေ့ပြောင်းချိန်တွင် ကျန်ရစ်ခဲ့သည့် ရှေးမြန်မာအနွယ်ဝင်လူမျိုးများပင် ဖြစ်သည်ဟု ယုံကြည်ရပေသည်။ လိုလိုလူမျိုးအုပ်စုမှာ တိဗက်မှ မြန်မာပြည်အတွင်း ဝင်ရောက်လာသောအုပ်စုများ၌ အရှေ့ဘက်အကျဆုံး လမ်းကြောင်းမှ ဝင်ရောက်လာကြသူများဖြစ်သည်။

ထိုင်းတရုတ်လူမျိုးအုပ်စုတွင် ရှမ်း၊ ကရင်နှင့် ထိုင်း လူမျိုးအုပ်စုများပါဝင်သည်။ ကရင်များမှာ ဗုံးတမ်းဓလေ့နှင့် ဘာသာစကား၏ အသံနေအသံထားအရ တရုတ်၊ ရှမ်းလူမျိုးများနှင့် ဆင်တူသည်။ ၎င်းတို့သည် တိဗက်၊ မြန်မာနှင့် မွန်ခမာအုပ်စုကြီးများမှ ဝင်ရောက်ခဲ့သော လမ်းကြောင်းနှစ်ခု ကြားတွင်ရှိသည့် လမ်းကြောင်းအတိုင်း ဆင်းသက်လာကြကာ မြန်မာပြည်အတွင်းသို့ ကယားမြောက်ဘက်အနီး တစ်နေရာမှဝင်လာကြသည်ဟု ယုံကြည်ရပေသည်။

မူလဇာစ်မြစ်ခြေရာကောက်

ဖော်ပြပါမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် သွေးသား မတော်စပ်ကြသည့် တိုင်းတစ်ပါးသားများမဟုတ်ကြပါ။ တိုင်းရင်းသား လူမျိုးအသီးသီးတို့၏ လူမျိုးဆင်းသက်လာပုံ မူလဇာစ်မြစ်နှင့် အချိန်ကာလကို နေ၁က်ကြောင်းပြန်ကြည့်မည် ဆိုပါက မျိုးတူ၊ သွေးတူ တစ်နွယ်တည်းဖြစ်သော မွန်ဂိုမျိုးနွယ်မှ ဆင်းသက်လာသည်ကိုတွေ့ရပေပြီ။

ယခုလက်ရှိတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူသန်းပေါင်း ၅၀ ကျော်အတွင်း လူမျိုးအသီးသီးဖြစ်တည်နေသဖြင့် လူမျိုးစုတစ်ခုနှင့်တစ်ခု၊ တစ်ဦးနှင့်တစ်ဦးအကြား ဆွေမျိုးမတော် စပ်ကြပါဟု ထင်မြင်ကြပေလိမ့်မည်။ အချိန်ကာလကို နောက်ကြောင်းပြန်၍လူဦးရေတစ်စတစ်စ တိုးပွားလာမှုကို နောက်ကြောင်းပြန်စေ့ငုကြည့်မည်ဆိုလျှင် ဆွေမျိုးတော် စပ်ခဲ့ကြကြောင်းကို အနီးစပ်ဆုံး သိသာနိုင်ပေသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လူဦးရေသည် -

တစ်စတစ်စတိုးပွား

၂၀၁၄ ခုနှစ်တွင် ၅၁ ဒသမ ၄၉ သန်း၊ ၂၀၀၀ ပြည့်နှစ် တွင် ၄၉ သန်း၊ ၁၉၉၇ ခုနှစ်တွင် ၄၆ ဒသမ ၄ သန်း၊ ၁၉၉၁ ခုနှစ်တွင် ၄၁ ဒသမ ၆ သန်း၊ ၁၉၈၃ ခုနှစ်တွင် ၃၅ ဒသမ ၃ သန်း၊ ၁၉၇၃ ခုနှစ်တွင် ၂၈ဒသမ၉သန်း၊ ၁၉၅၃ ခုနှစ်တွင် ( ၁၉ ဒသမ ၁ သန်း၊ ၁၉၄၁ ခုနှစ်တွင် ၁၆ ဒသမ ၈ သန်း၊ ၁၉၃၁ ခုနှစ်တွင် ၁၄ ဒသမ ၇ သန်း၊ ၁၉၂၁ ခုနှစ်တွင် ၁၃ | ဒသမ ၂ သန်း၊ ၁၉၁၁ ခုနှစ်တွင် ၁၂ ဒသမ ၁ သန်း၊ ၁၉၀၁ ခုနှစ်တွင် ၁၀ ဒသမ ၅ သန်း၊ ၁၈၈၅ ခုနှစ်တွင် ၄ ဒသမ ၆ သန်း၊ ၁၈၀၀ ပြည့်နှစ်တွင် သုံးသန်း၊ ၁၇၈၄ ခုနှစ်တွင် သာလွန်မင်းဆက် ဘိုးတော်ဘုရားစစ်တမ်းအရ ၁ ဒသမ ၈ သန်း ရှိလေသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏လူဦးရေတိုးနှုန်းသည် စစ်မဖြစ်မီက ၁ ဒသမ ၅ရာခိုင်နှုန်းအောက်နည်းခဲ့ပြီး ကိုလိုနီခေတ်ဦးတွင် တစ်ရာခိုင်နှုန်း၊ ကုန်းဘောင်ခေတ်တွင် ဒသမ ငါးရာခိုင်နှုန်းနှင့် ရှေးဦးမြန်မာဘုရင်များ လက်ထက်တွင် လူဦးရေနည်းသဖြင့် ရာခိုင်နှုန်းအနည်းငယ်မျှသာရှိသည်။ ရှေးဦးမြန်မာနိုင်ငံလူမျိုးစုများ စတင်ရပ်တည်နေထိုင်စဉ်က လူဦးရေမှာ အနည်းငယ်မျှသာရှိသေးသဖြင့် လူဦးရေနည်းသည်နှင့်အမျှ တိုင်းရင်းသားလူမျိုးစုများသည် တစ်စုနှင့်တစ်စု၊ တစ်ဦးနှင့်တစ်ဦး ဆွေမျိုးနီးစပ်တော်စပ် ခဲ့ကြမည်သာ ဖြစ်သည်။ မူလကနဦးတွင် မြန်မာ့မြေဘက်သို့ မိသားစုလိုက် သက်ဆင်းခဲ့ပြီးမှ တဖြည်းဖြည်း လူဦးရေ တိုးပွားလာသဖြင့် ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်း သွေးသားတော်စပ်ခဲ့ကြသည်မှာ အထင်အရှား ဖြစ်သည်။

ညီရင်းအစ်ကိုများ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးမြောက်မြားစွာရှိပါသည်။ တိုင်းရင်း သားလူမျိုးများမှာ ရှေးကအတူတကွ စုပေါင်းနေထိုင်သောကြောင့်သာ တိုင်းရင်းသားလူမျိုးများဟု ခေါ်တွင်ရခြင်းဖြစ်ပါသည်။ မှန်ပါပေသည်။ မြန်မာနိုင်ငံအတွင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်း နေထိုင်လာကြသောကြောင့် ပြည်ထောင်စုသား တိုင်းရင်းသားလူမျိုးများဟုအလုံးက ဝမ်းပန်းတသာ အသိအမှတ်ပြုထားခြင်းလည်း ဟုတ်ပါပေသည်။ တစ်ဖက်မှပြန်ကြည့်သော် ယခုမှ သွေးရင်း၊ သားရင်း၊ ၊ သွေးချင်း၊ သားချင်း တော်စပ်လာကြသည်မဟုတ်။

ဟိုးရှေး ပဝေသဏီကပင် သွေးသားတော်စပ်လာကြခြင်း ဖြစ်ပါသည်။ တစ်နည်းဆိုရသော် တစ်အူထုံဆင်းညီရင်း အစ်ကိုများ ဖြစ်ကြပါသည်။ အဘယ်ကြောင့်ပါနည်း။

ထိုတိုင်းရင်းသားလူမျိုးအားလုံးသည် အာရှတိုက် အလယ်ပိုင်း ကုန်းမြေမြင့်ရှိ မွန်ဂိုလူမျိုးများမှ ဆင်းသက်လာကြသည်ချည်းဖြစ်သည်။ ထိုမွန်ဂိုတို့ထဲမှအချို့သည် ရေကြည်ရာမြက်နုရသေကိုရှာဖွေရင်း တောင်ဘက်သို့  ရွှေ့ပြောင်းလာကြရာမှ မြန်မာနိုင်ငံအတွင်း ရောက်ရှိလာကြခြင်းဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးများအားလုံးသည် ရေမြေကွာခြား ဓလေ့ထုံးစံများ ကွဲပြားသော်လည်း ရှေးအီကာလစတင်ကတည်းက "တစ်အူထုံဆင်း ညီရင်းအစ်ကို မောင်ရင်းနှမ တစ်မိသားစုတည်းမှ ပေါက်ဖွားလာကြသောမိသားစုများ" ဖြစ်ကြပါသတည်း။ ။

ကိုးကား -             ၁။ (၂၀)ရရာစု မြန်မာနိုင်ငံတော်

၂။ တိုင်းရင်းသားလူမျိုးများအရေးနှင့် စပ်လျဉ်း၍ အမြင်နှင့်ခံယူချက်

၃။ မြန်မာနိုင်ငံအခြေပြသမိုင်း(ပထမတွဲ) ၄။ ပြည်ထောင်စုမြန်မာနိုင်ငံပထဝီဝင် ၊

မောင်ငြိမ်းအေး