တစ်နှစ်တစ်ကြိမ်သာ ဖူးပွင့်သည့် တောင်ဇလပ်ပန်းများ ချင်းတောင်တန်း နေရာအချို့၌ စတင်ဖူးပွင့်နေ

ချင်းပြည်နယ်၊ ၃၀ ဒီဇင်ဘာ

ချင်းတောင်တန်းဒေသ၌ တစ်နှစ်တစ်ကြိမ်သာ ဖူးပွင့်သည့် တောင်ဇလပ် ပန်းများသည် နေရာအချို့တွင် စတင်ဖူးပွင့်နေကြပြီ ဖြစ်သည်။

ချင်းပြည်နယ်တွင် တောင်ဇလပ်ပန်းအနီ၊ အဖြူ နှင့် အဝါ ()မျိုးရှိရာ ချင်းပြည်နယ် မြောက်ပိုင်းတွင် တောင်ဇလပ်ပန်း အနီသာ ဖူးပွင့်ကြောင်း သိရသည်။ တောင်ဇလပ်ပန်းကို ချင်းတိုင်းရင်းသားများအတွက် အမျိုးသား ပန်းအဖြစ် သတ်မှတ်ထားပြီး တောင်ဇလပ်ပန်းအနီကို ရဲရင့်ခြင်း၊ တောင်ဇလပ်ပန်းအဖြူ ကို ရိုးသားခြင်း သင်္ကေတအဖြစ် အသုံးပြုလေ့ရှိသည်။

ယခုဖူးပွင့်သည့် တောင်ဇလပ်ပန်းသည် ဟားခါးမြို့မှ ()မိုင် ကွာဝေးသည့် နေပြည်ရွာတွင် တွေ့ရှိရခြင်းဖြစ်ပြီး တောင်ဇလပ်ပင်အချို့တွင် အဖူးလေး အဖြစ်သာ တွေ့ရှိရသေးကြောင်း သိရသည်။

တောင်ဇလပ်ပန်းသည် အအေးပိုင်းဒေသများတွင် ဖူးပွင့်လေ့ရှိပြီး လျှိုမြောင်တောင်တန်းများတွင် ပိုမို တွေ့ရှိရကြောင်း၊ ယခင်နှစ်များက အပွင့်စောပေမယ့် တစ်နှစ်ပြီးတစ်နှစ် ဖူးပွင့်ချိန် နောက်ကျလာကြောင်း၊ တောင်ဇလပ်ပန်းသည် ဒီဇင်ဘာလမှ မတ်လအထိ ဖူးပွင့်လေ့ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

#ချင်း(လိုင်ဇိုး) ဟားခါးသတင်းဌာနခွဲ

#MRTV