တောင်ကာရိုလိုင်းနာပြည်နယ် နိုက်ကလပ် ပစ်ခတ်မှုအတွင်း နှစ်ဉီးသေဆုံး

၆ ဇူလိုင်

 

 

အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနား ပြည်နယ်ရှိ နိုက်ကလပ် တစ်ခုတွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ နှစ်ဉီးသေဆုံး၊ ရှစ်ဉီးမှာ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

 

 

အဆိုပါ ပစ်ခတ်မှုသည် Greenville အတွင်းရှိ နိုက်ကလပ် တစ်ခုတွင် ယမန်နေ့ နံနက် ၂ နာရီအချိန်က  ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 

အဆိုပါ ပစ်ခတ်မှုအတွင်း အနည်းဆုံး လူနှစ်ဉီးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သံသယရှိလျက် ရှိသည်။ အဆိုပါ အဖြစ်အပျက်သည်  ဂိုဏ်းအဖွဲ့ဝင်များနှင့် ဆက်စပ်လျက်ရှိနေနိုင်ကြောင်း အာဏာပိုင်များက ယူဆလျက်ရှိသည်။

 

 

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို ကာကွယ်ရန်အတွက် နိုက်ကလပ်များနှင့် ဖျော်ဖြေရေး ခန်းမကဲ့သို့သော နေရာများတွင် လူ ၅၀ ထက် ပိုမိုစုရုံးခြင်း မရှိစေရန် အစိုးရက တားမြစ်ထားသော်လည်း ပစ်ခတ်မှု ဖြစ်ပွားချိန်၌ နိုက်ကလပ်အတွင်း လူပေါင်းရာကျော် ရှိနေခဲ့သည်။

 

 

အဆိုပါ ကလပ်သည် လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်ရန် ဒေသန္တရ အာဏာပိုင်များထံမှ ခွင့်ပြုချက် ရှိမရှိကို ရဲများက စစ်ဆေးလျက်ရှိနေကြောင်း အမေရိကန် မီဒီယာများက ဖော်ပြလျက်ရှိသည်။

 

 

ကလပ်အတွင်းရှိ လူများသည် သတ်မှတ် အကွာအဝေး များကိုလည်း လိုက်နာခြင်း မရှိကြောင်း ၎င်းတို့က ဖော်ပြထားသည်။

 

 

တောင်ကာရိုလိုင်းနား ပြည်နယ်တွင် ပြီးခဲ့သည့်လ အတွင်းက စီးပွားရေး လုပ်ငန်းများကို ပြန်လည် ဖွင့်လှစ်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုမှာ သိသိသာသာ မြှင့်တက်လာခဲ့သည်။

 

 

အဆိုပါ ပြည်နယ်တွင် ကူးစက်မှုပေါင်း ၄၀ဝ၀ဝ ကျော်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

 

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

2429