တိုက်စစမှူး ဆွာရက်ဇ် ညာဘက်ဒူး ခွဲစိတ်ကုသမှုခံယူရမည်

၁၃  ဇန်နဝါရီ

ဘာစီလိုန၁အသင်း တိုက်စစ်မှူး လူးဝစ်ဆွာ ရက်ဇ်ဟာ ညာဘက်ဒူးဒဏ်ရာ ရရှိထားတာကြောင့် ခွဲစိတ်ကုသမှု ခံယူရမယ်လို့ သိရပါတယ်။ တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ ရရှိထားတဲ့ ဒူးဒဏ်ရာကို စပိန်ခွဲစိတ်ဆရာဝန် ဒေါက်တာရာမွန်ကူဂတ်က ခွဲစိတ်ကုသပေးမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းက အက်သလက်တီကိုမက်ဒရစ်အသင်းကို သုံးဂိုး-နှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ ပွဲချိန်ပြည့်ကစား ပေးခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဆွာရက်ဇ်ဟာ အခုနှစ်ဘောလုံးရာသီမှာဘာစီ လိုနာအသင်းအတွက် ၂၃ ပွဲမှာ သွင်းဂိုး ၁၄ ဂိုး အထိ သွင်းယူပေးထားတာ ဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ စပိန်လာလီဂါမှာ သွင်းဂိုး ၁၁ ဂိုး နဲ့ ချန်ပီယံလိဂ်မှာ သွင်းဂိုး သုံးဂိုး အသီးသီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်