တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ ပထမနှစ်ဝက် စာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုသူ သုံးသိန်းကျော်ရှိ

နေပြည်တော်  ၂၀  မတ်

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ပထမ နှစ်ဝက် စာမေးပွဲများကို ယနေ့တွင် နိုင်ငံတစ်ဝန်း၌ဆက်လက်ကျင်းပရာ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၌ ‌စာရင်းရှိ ၃၀၂၀၅၁ ဦးအနက် ၂၉၀၉၄၁ ဦး ဖြေဆိုသဖြင့် ပျက်ကွက် ၁၁၁၁၀၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၌ စာရင်းရှိ ၃၃၄၀၈ အနက် ၃၂၇၇၇ ဦးဖြေဆိုသဖြင့် ပျက်ကွက် ၆၃၁ ဦးနှင့် ပညာရေးကောလိပ်များ၌ စာရင်းရှိ ၁၀၇၈၂ ဦးအနက် ၁၀၇၇၇ ဦးဖြေဆိုသဖြင့် ပျက်ကွက် ၅ ဦးရှိကြောင်း၊ နိုင်ငံတစ်ဝန်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ စုစုပေါင်းစာရင်းရှိ ၃၄၆၂၄၁ ဦး အနက် ၃၃၄၄၉၅ ဦးဖြေဆိုကြပြီး ပျက်ကွက် ၁၁၇၄၆ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

(သတင်းစဉ်)