တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ဇီ၀ဗေဒဘာသာရပ် ဖြေဆိုသူပေါင်း ၂၀၃၆၃၀ နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုသူပေါင်း ၇၀၁၁၆၄ ဦးရှိ

နေပြည်တော် ၁၈ မတ် 

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့၌ ဇီ၀ဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်တို့ကို ယနေ့တွင် ဖြေဆိုကြသည်။

 

ထိုသို့ဖြေဆိုကြရာတွင် ဇီဝဗေဒဘာသာရပ်ကို နိုင်ငံခြားစာစစ်ဌာန ၁၀ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၇၇၇ ခု စာစစ်ဌာနစုစုပေါင်း ၁၇၈၇ ခုတွင် ဖြေဆိုသူပေါင်း ၂၀၃၆၃၀ နှင့် ဘောဂဗေဒဘာသာရပ်ကို နိုင်ငံခြားစာစစ်ဌာန ၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၉၇၂ ခု စာစစ်ဌာနစုစုပေါင်း ၁၉၇၇ ခုတွင် ဖြေဆိုသူပေါင်း ၇၀၁၁၆၄ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲ ဇီ၀ဗေဒဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၂၀၃၆၃၀ အနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၅၉ ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ ၂ ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၂၄ ဦး၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၁၁ ဦးနှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၅၃ ဦးရှိသည်။

 

ထို့အတူ ဘောဂဗေဒဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၇၀၁၁၆၄ ဦးအနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၁၃၂ ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ ၂၀၊ အမြင်အာရုံမသန်စွမ်း ဖြေဆိုသူ ၃၀၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၁၄၈ ဦး၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၁၈၀ နှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၇၂ ဦးရှိကြောင်း သိရသည်။

 

သတင်းစဉ်

 

p1p2