တွံတေးမြို့ သီတာလှိုင်ထမင်းဆိုင်၌ မီးလောင်မှုဖြစ်ပွား

တွံတေး  ၁၀ ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ မင်းပိုင်းရပ်ကွက်ရှိ သီတာလှိုင် ထမင်းဆိုင်တွင် ယမန်နေ့ ည ၁၁ နာရီ ၁၂ မိနစ် ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သီတာလှိုင်ထမင်းဆိုင်ရှင်၏ သားဖြစ်သူ နေလင်းထိုက် (၃၆)နှစ်၏ အိပ်ခန်းအတွင်းရှိ ဆေးလိပ်တိုမှ တစ်ဆင့် မွေ့ယာအား မီးကူးစက်လောင်ကျွမ်းရာမှ သီတာလှိုင် ထမင်းဆိုင် အပါအဝင် ဝိုင်ဝိုင်းစားသောက်ဆိုင်နှင့် စိုးမေတ္တာထမင်းဆိုင်တို့ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

45882

 

မီးလောင်မှု ဖြစ်ပွားရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်ဦး၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ် ၅ စီး၊ ဒလမြို့နယ်မှ မီးသတ်ယာဉ် ၁ စီး၊ စိတ္တသုခ ကုသိုလ်ပြုအသင်းမှ အထောက်အကူပြုယာဉ် ၁ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၂၇ မိနစ်တွင်  မီးငြိမ်းသွားခဲ့သည်။

 

မီးလောင်မှုကြောင့် နေလင်းထိုက်အား တွံတေးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

တွံတေးသား