တပ်ကုန်းမြို့နယ်တွင်  ကြိုတင်ဆန္ဒမဲပေးမည့် အသက် ၆၀ နှစ်နှင့်အထက် ဘိုးဘွား ၂၈၆၀၅ ဦးရှိ

တပ်ကုန်း ၃၀ အောက်တိုဘာ         

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၌ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆ဝ)နှစ်နှင့်အထက် ဘိုးဘွားများ   ကြိုတင်ဆန္ဒမဲ ပေးခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်၍  သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံး များတွင်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၉)အုပ်စုတွင် မဲရုံပေါင်း(၁၃၄)ရုံ ဖွင့်လှစ်မည်ဖြစ်ပြီး၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအရ (၁၈၀၈၇၉) ဦး ရှိသည့်အနက်မှ ကြိုတင်ဆန္ဒမဲပေးကြမည့် အသက်(၆ဝ) နှစ်နှင့်အထက် အဘိုး/အဘွားပေါင်း (၂၈၆၀၅)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

တင်စိုးလွင်