တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program) ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်

mdn

နေပြည်တော် ၂၂  နိုဝင်ဘာ 

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ကွေ့လင် မြို့ရှိ Fenglin Training Field ၌ ပြုလုပ်သည့် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program)  ပိတ်ပွဲအခမ်းအနားသို့ နိုင်ငံ အသီးသီးမှ တပ်မတော်အကြီးအကဲများ၊ ကာကွယ်ရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူ များနှင့်အတူ တက်ရောက်ကြသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ၊ အခမ်းအနားတက်ရောက် လာကြသူများသည် ပိတ်ပွဲအခမ်းအနားပြုလုပ်မည့် Fenglin Training Field သို့ ရောက်ရှိကြရာ လေ့ကျင့်ခန်းများတွင် ပါဝင်ခဲ့ကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ် အဖွဲ့များနှင့် လေ့ကျင့်ခန်းတွင်အသုံးပြုခဲ့သော တိုက်ယာဉ်များ စုဖွဲ့တန်းစီ၍ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဂုဏ်ပြုစစ်တီးဝိုင်းဖြင့် ကြိုဆိုကြသည်။

 

ထို့နောက် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း၊ လေ့ကျင့် ရေး အစီအစဉ်များတွင် ထူးချွန်စွာဆောင်ရွက်ခဲ့ သူများကို တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး Li Zuocheng ၊ ပူးတွဲဥက္ကဋ္ဌ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Pornpipat Benyasri တို့က အသိအမှတ်ပြု လက်မှတ်များပေးအပ်ကြသည်။

 

ယင်းနောက် ပူးတွဲဥက္ကဋ္ဌ ၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့်ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်တို့က အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program) ပိတ်ပွဲ မိန့်ခွန်းများပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်  အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program) တွင် မြန်မာ့တပ်မတော်ကိုယ်စားပြု ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ၊ နိုင်ငံ အသီးသီးမှ တပ်မတော်အကြီးအကဲများ၊ ကာကွယ်ရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူ များသည် Guilin ဆိပ်ကမ်းသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာကြပြီး Li jiang မြစ်ကြောင်းတစ်လျှောက် မြစ်တွင်းအပျော်စီးအမြန်ရေယာဉ်များဖြင့် လှည့်လည်ကြည့်ရှု လေ့လာကြသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံစစ်သံမှူး Senior Colonel Xiong Shaowei ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ် ဇော်ဦးနှင့် အဖွဲ့ဝင်များနှင့်အတူ ကွေ့လင်မြို့ Taohua မြစ်နှင့် Li jiang မြစ်တို့ ဆုံရာနေရာတွင်တည်ရှိသည့် ဆင်နှာမောင်းတောင်နှင့် ပန်းခြံသို့ သွားရောက်လေ့လာကြည့်ရှုကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

(သတင်းစဉ်)

mdn

mdn

mdn

 

mdn

 

mdn