တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တစ်ရပ်  ထုတ်ပြန်

နေပြည်တော်  ၃၀  ဇွန် 

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ရက်စွဲဖြင့်  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး နှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊  တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှု အားလုံးအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ ၁ ကြိမ်၊ ၂၀၁၉ ခုနှစ်၊ မေ ၁ ရက်မှ ဇွန်  ၃၀ ရက်အထိ ၁ ကြိမ် ရပ်ဆိုင်းပေးခဲ့ကြောင်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၀၁၉ ခုနှစ်၊ ဧပြီ ၃၀ ရက်တို့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ပြီးဖြစ်ကြောင်း။

 

၎င်းကဲ့သို့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား ရပ်ဆိုင်းပေးထားသည့်ကာလ အတွင်း၌   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ သည်ကို  တွေ့ရှိရကြောင်း၊  ၎င်းကဲ့သို့ အခြေအနေမျိုးတွင် တပ်မတော်အနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ်မျှော်လင့်ချက်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်  ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ယုံကြည်မှုအပြည့်ဖြင့် ယခုထက် ပိုမိုဆက်လက်ဆောင်ရွက်နိုင်ရေး ရည်ရွယ်လျက် အထက်ဖော်ပြပါ တိုင်းစစ်ဌာနချုပ် နယ်မြေများ၌ စစ်ရေးဆိုင်ရာလှုပ်ရှား မှုများအား ၂၀၁၉ ခုနှစ်၊ သြဂုတ် ၃၁ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်ဟု ဖော်ပြထားသည်။

 

(သတင်းစဉ်)