တရုတ်နိုင်ငံ၏ စီးပွားဖြစ် ဒုံးပျံကို ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာလွှတ်တင်

ဂျူးကွမ်း   ၉  နိုဝင်ဘာ

စီးပွားဖြစ်အသုံးပြုရန် ပုံစံရေးဆွဲထားသော တရုတ်နိုင်ငံ၏ သယ်ဆောင်ရေး ဒုံးပျံ CERES-1 ကို နိုဝင်ဘာ ၇ ရက်က သတ်မှတ်ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်လိုက်ကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါ ဒုံးပျံကို ပေကျင်းဒေသစံတော်ချိန် ညနေ ၃ နာရီ ၁၅ မိနစ်တွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဂျူကွမ် ဒုံးပျံလွှတ်တင်နေရာမှ အောင်မြင်စွာလွှတ်တင်ခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့အခြေစိုက် အဆင့်မြင့်နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သော နဂါးငွေ့တန်းနှင့် သက်ဆိုင်သော စွမ်းအင်အမည်ရ ဂယ်လက်တစ်အင်နာဂျီမှ တီထွင်ထုတ်လုပ်ခဲ့သည့် ဒုံးပျံထိပ်ဖူးသည် အရွယ်အစားသေးငယ်သော ဂြိုဟ်တုများကို သတ်မှတ်ကမ္ဘာပတ်လမ်းကြောင်း အတွင်းသို့ သယ်ဆောင်ပေးနိုင်ရန် ဖန်တီးထုတ်လုပ်ထား ခြင်းဖြစ်ကြောင်း သိရသည်။

ယခု လွှတ်တင်လိုက်သော CERES-1 ဒုံးပျံသည် တီယန်ချီကွန်စတယ်လေးရှင်းမှ ပိုင်ဆိုင်သော ဂြိုဟ်တု ငယ်တစ်စင်းကို သတ်မှတ်ကမ္ဘာပတ်လမ်းကြောင်းထဲသို့ သယ်ဆောင်ပေးခဲ့သည်။ အဆိုပါ တီယန်ချီ-၁၁ ဂြိုဟ်တုကို အချက်အလက်များ စုဆောင်းခြင်းနှင့် ထပ်ဆင့်ထုတ်လွှင့်ခြင်းများ ပြုလုပ်ရန် အသုံးပြုသွားမည်ဖြစ်သည်။

ဆင်ဟွာ