တရုတ်နိုင်ငံမှာ BMW ကားကုမ္ပဏီက လျှပ်စစ်ကားတွေ ထုတ်လုပ်မယ်

၂၉ နိုဝင်ဘာ

 

ဂျာမနီနိုင်ငံရဲ့ ဇိမ်ခံကား BMW ကုမ္ပဏီက သူ့ရဲ့ လျှပ်စစ်ကားအသေးလေးတွေကို တရုတ်နိုင်ငံမှာ ထုတ်လုပ်မယ်လို့ ဒီကနေ့ ပြောကြားပါတယ်။

 

တရုတ်နိုင်ငံက Great Wall Motor ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ငန်း စတဲ့ သောကြာနေ့မှာ အခုလိုပြောကြားတာဖြစ်ပြီး တနှစ်ကို ကားအစီးရေ ၁၆၀၀၀၀ နီးပါး ဂျင်စူး ပြည်နယ်မှာ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ အဲဒီစက်ရုံအတွက် လုပ်သား ၃၀၀၀ လောက်လိုအပ်ကြောင်း သိရပါတယ်။

 

စက်ရုံတည်ဆောက်ရန် ၂၀၂၀ မှ ၂၀၂၂ အထိ နှစ်နှစ်ကြာမြှင့်မှာဖြစ်ပြီး အဲဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၇၁၅ သန်းစီ သုံးစွဲသွားမယ်။ အနာဂတ်အတွက်  လျှပ်စစ်ကားတွေ တည်ဆောက်ရန် အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်လို့  ဆိုပါတယ်။

 

အဲဒီစက်ရုံမှာဘဲ BMW လျှပ်စစ်ကားအသေးအပြင် တရုတ်ကုမ္ပဏီရဲ့ ကိုယ်ပိုင်တံဆိပ်နဲ့ ကားလည်း ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

 

၁၉၉၀ ပြည့်နှစ်ကစပြီး တရုတ်နိုင်ငံဟာ ကမ္ဘာ့ကားဈေးကွက်မှာ အကြီးဆုံးဝယ်လက်ဖြစ်ပါတယ်။ ဒါပေမယ့် မနှစ်ကတော့ အဝယ်အနည်းငယ်ကျဆင်းခဲ့ပါတယ်။

 

၂၀၂၁ ခုနှစ်အကုန်မှာ BMW ကားကုမ္ပဏီက ကားအစီးရေ တစ်သန်းကျော်ဟာ လျှပ်စစ်ကားနဲ့ ဟိုက်ဘရစ်ကားတွေ လမ်းပေါ်မှာ ရောက်ရှိအောင်လုပ်မယ်လို့ ရည်မှန်းချက် ရှိနေပါတယ်။

 

BMW ထုတ် i3 လျှပ်စစ်ကားဟာ ၂၀၁၈ ထက် ၂၀၁၉ မှာ ၂၀ ရာခိုင်နှုန်း ပိုပြီး  ဈေးကွက်က အလိုရှိနေကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP