တရုတ်နိုင်ငံ၌ မောင်းသူမဲ့ ဘတ်စ်ကားကို ထုတ်ဖော်ပြသ

ပေကျင်း ၁၈ စက်တင်ဘာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် အလိုအလျောက် မောင်းနှင်သည့် နည်းစနစ် တပ်ဆင်ထားသော အလတ်စားအရွယ် ဘတ်စ်ကား တစ်စီးကို စက်တင်ဘာ ၁၇ ရက်က ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

အယ်လ်ဖိုး အလိုအလျောက် မောင်း ဘတ်စ်ကားကို Baidu Apollo နှင့် King Long ပြည်တွင်းကား ထုတ်လုပ်ရေးကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ အလို အလျောက်မောင်း ဘတ်စ်ကားကို တစ်နှစ်ကြာအောင် ထုတ်လုပ် တပ်ဆင်ခဲ့ပြီးနောက် စက်တင်ဘာ ၁၇ ရက်တွင် ချုံချင်းမြို့၌ အခြေခံ စမ်းသပ်မောင်းနှင်မှုပြုလုပ်ခဲ့သည်။

Baidu Apollo အနေဖြင့် တရုတ် နိုင်ငံအနောက်ပိုင်းတွင်ချုံချင်းမြို့နှင့် တကွ မောင်းသူမဲ့ယာဉ်လုပ်ငန်း အတွက် စံတစ်ခုဖြစ်စေရေး အတူ တကွ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အလိုအလျောက်မောင်း စနစ်သုံး မော်တော်ယာဉ်နယ်ပယ်မှ ကားထုတ်လုပ်သူများနှင့် မော်တော် ယာဉ်အပိုပစ္စည်း ထုတ်လုပ်သူများ အတွက် သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ဝန်ဆောင်မှုများနှင့် အက်ပလီကေးရှင်းဝန်ဆောင်မှုအများအပြားကို ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း Baidu ဒုတိယဥက္ကဋ္ဌ လီကျန်ယုက ပြောကြားခဲ့သည်။

ဆင်ဟွာ