ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး နှီးနှောဖလှယ်ပွဲတက်ရောက်ခွင့်ရရှိမည့် Save Lives on Road ဗွီဒီယိုရုပ်သံပြိုင်ပွဲ ကျင်းပမည်

mdn

ရန်ကုန်    ၁၅    နိုဝင်ဘာ

                                                                                                                                   

ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့တွင် ကျင်းပမည့် 2nd World Youth Assembly for Road Safety တွင် မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်၍ ကမ္ဘာတစ်ဝန်းမှ လူငယ်များနှင့် အတူယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး နှီးနှောဖလှယ်ပွဲသို့  တက်ရောက်ခွင့်ရရှိမည့် Save Lives on Road Video Clip ပြိုင်ပွဲကို ကျင်းပမည်ဖြစ်သည်။

 

အဆိုပါပြိုင်ပွဲတွင် တစ်ပွဲလျှင် အမျိုးသား အမျိုးသမီး အဖွဲ့ဝင်(၃)ဦး ပါဝင်နိုင်ပြီး ပြိုင်ပွဲဝင်များသည် (၇)မိနစ်စာ ဗီဒီယိုရုပ်သံဖိုင်ကို ဖန်တီးရမည်ဖြစ်သည်။ လမ်းအသုံးပြုသူ တစ်ဦးအနေဖြင့် မိမိနေထိုင်ရာဝန်းကျင်သို့မဟုတ်ရုံး၊ ကျောင်းသို့ သွားရာလမ်းတစ်လျှောက်တွင် ကြုံတွေ့နေရသည့် အသက်ဆုံးရှုံးမှုဖြစ်ပွားနိုင်သည့် ယာဉ်လမ်းအန္တရာယ် မတာ်တဆ ဖြစ်စေနိုင်သည့်ဖြစ်စဉ်(၁)ခုအကြောင်းကို ရှင်းပြ၍ မည်သို့တားဆီနိုင်မည်ကို ရိုက်ကူးဖော်ပြ ရမည်ဖြစ်သည်။

 

အထူးပြုလုပ်ချက် Animation များ၊ နောက်ခံစကားပြောတီးလုံးများ၊ အဖွဲ့ဝင်များ၏ လှုပ်ရှား မှုများတို့ကို လွတ်လပ်စွာဖန်တီးနိုင်သည်။ ပါဝင်သည့် အဖွ့ဲနှင့် အဖွဲ့ဝင်များ တစ်ဦးချင်းမိတ်ဆက်မှုကို ထည့်သွင်းရိုက်ကူးရမည်။ ထိုရိုက်ကူးမှုကို ကန့်သတ်ချက် ၇ မိနစ်အတွင်း ထည့်သွင်းရေတွက်ခြင်း မပြုပါ။ ရိုက်ကူးပြီးစီးသောရုပ်သံဖိုင်ကို MP-4 ဖိုင်အဖြစ် DVD သို့မဟုတ် USB ဖြင့် Suu Foundation ရုံးအမှတ် ၉၇/က အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၀၉၄၂၀၀၃၃၉၆၃ (NLD ရုံးချုပ်အနီး)သို့ ဒီဇင်ဘာလ(၁)ရက်နောက်ဆုံးထားပေးပို့ရမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင်များသည် အသက်(၁၈)နှစ်မှ (၂၉)နှစ်အတွင်းရှိရမည် IELTS Band (6.5)နှင့် ညီမျှသော အင်္ဂလိပ်စာဘာသာကျွမ်းကျင်ရမည် IELTS စာမေးပွဲဖြေဆိုထားရန်မလိုအပ်ပါ။ Microsoft Power Point အသုံးပြုနိုင်ရမည်၊ နိုင်ငံတကာကဏ္ဍမျိုးစုံအကြောင်းအရာဗဟုသုတရှိရမည် ဖန်တီးလို စိတ်ရှိခြင်း၊ စုပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း၊ လူအများရှေ့တွင် စကားပြောစွမ်းရည်တို့ရှိရမည်။

 

ပြိုင်ပွဲဝင်အဖွဲ့များထဲမှ စကာတင်(၅)ဖွဲ့ရွေးချယ်မည်ဖြစ်သည် အရွေးချယ်ခံရသည့်အဖွဲ့များအား ရန်ကုန်မြို့တွင် နောက်ဆုံးအဆင့်ရွေးချယ်မည်ဖြစ်သည်။ နောက်ဆုံးအနိုင်ရရှိသောအဖွဲ့သည် ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့တွင် ကျင်းပမည့် 2nd World Youth Assembly for Road Safety သို့ အဖွဲ့လိုက်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ အသေးစိတ်အချက်အလတ်များကို www.wyaroadsafety.org တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။ အဆိုပါ ပြိုင်ပွဲကို တိုတယ်ရေနံနှင့် သဘာဓာတ်ငွေ့လုပ်ငန်း (ရတနာစီမံကိန်း)မှ ပံ့ပိုးကူညီသည်။ 

   

(အောင်သူရ)