၂၀၂၀ ခုနှစ် အိုလံပစ်နှင့် မသန်စွမ်းအားကစားပြိုင်ပွဲများကို တိုကျိုမြို့၌ လက်ခံကျင်းပမည်

၁ ဇန်နဝါရီ

 

ဂျပန်နိုင်ငံသည် ၂၀၂၀ ခုနှစ် နွေရာသီတွင် ကျင်းပမည့် တိုကျို အိုလံပစ်နှင့် မသန်စွမ်း အားကစားပြိုင်ပွဲများအတွက် နောက်ဆုံးပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

 

3

 

အားကစားနည်း ၃၃ မျိုး၊ ပွဲစဉ် ၃၃၉ ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား ၁၀၀၀၀ ကျော်တို့ဖြင့် အိုလံပစ်အားကစားပြိုင်ပွဲများကို ဇူလိုင် ၂၄ ရက်နေ့တွင် စတင်ကျင်းပသွားမည် ဖြစ်သည်။

 

၂၀၁၁ ခုနှစ် ငလျင်၊ ဆူနာမီ နှင့် နျူကလီးယား မတော်တဆဖြစ်မှုများကြောင့် အရှေ့မြောက်ပိုင်းတိုဟိုကူဒေသ ပြန်လည်နာလန်ထူလာပြီဖြစ်ကြောင်း ကမာ္ဘကို ပြသရန် ဖူကူရှီးမား စီရင်စုတွင် ပြည်တွင်းအိုလံပစ် မီးရှူးတိုင်ထပ်ဆင့်လွှင့်မှုကို မတ်လ ၂၆ ရက်နေ့တွင် စတင်လုပ်ဆောင်မည် ဖြစ်သည်။

 

ထိုမီးရှူးတိုင်ကို စီရင်စု ၄၇ စုလုံးကို ဖြတ်သန်းကာ ၁၂၁ ရက်ကြာ သယ်ဆောင်သွားမည်ဟု သိရသည်။

 

မသန်စွမ်းအားကစားပြိုင်ပွဲကို အားကစားနည်း ၂၂ မျိုး၊ ပွဲစဉ် ၅၃၉ ပွဲတို့တွင် အားကစားသမား ၄၄၀၀ ခန့် ပါဝင်ကာယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဩဂုတ်လ ၂၅ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်သည်။

 

2

 

ပွဲလက်မှတ်များ ကြိုတင်မှာယူရောင်းချခြင်းနှင့် ပြန်လည်ရောင်းချမှုများကို နွေဦးရာသီတွင် စတင်လုပ်ဆောင်သွားမည် ဖြစ်သည်။

 

ဂျပန်နိုင်ငံသည် ၁၉၆၄ ခုနှစ်တွင် ယင်းအားကစားပြိုင်ပွဲများကို နောက်ဆုံးလက်ခံကျင်းပခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် အိုလံပစ်နှင့်မသန်စွမ်းအားကစားပြိုင်ပွဲများကို ဒုတိယအကြိမ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို