၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်း ပြည်တွင်းအလုပ်နေရာ ၉၃ဝဝ ကျော် ခန့်ထားနိုင်ခဲ့

နေပြည်တော်   ၁၉    မေ

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေတိုးပွား စေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ပြီး သင့်တော် ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလုပ်ရရှိမှုအနေဖြင့် အစိုးရအလုပ်အကိုင် ၇၅၈ ဦးနှင့် ပုဂ္ဂလိကအလုပ်အကိုင် ၈၆၂၆ဦး စုစုပေါင်း ၉၃၈၄ ဦးအား အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်