၂၀၂၀ ပြည့်နှစ် မော်တာ်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ပခုက္ကူ  ၂၅  နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေတားမြစ်ချက် များနှင့် ပြစ်ဒဏ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာဆောင်ရွက်စေရန်အတွက် ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများကို နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက မြို့ပေါ်ယာဉ်နှင့် လူအသွားအလာများသည့် နေရာများတွင် ပြုလုပ်သည်။

 

အဆိုပါ အသိပညာပေး လုပ်ငန်းများအား အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပခုက္ကူ)၊ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး မိုးဝင်းထက်၏ ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များက ပခုက္ကူမြို့၊ မြိုရှောင်လမ်းနှင့် ရေစကြိုကားလမ်းဆုံရာနေရာ၊ ဧရာဝတီတံတား (ပခုက္ကူ)လမ်းဆုံနေရာ၊ တက္ကသိုလ်ကျောင်းလမ်းဆုံနေရာနှင့် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၊ မြို့မလမ်းတို့တွင် စုပေါင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး  ယာဉ်မောင်းသူများ လိုက်နာရမည့် အချက်များ၊ ယာဉ်မတော်တဆမှုဖြစ်ပွားပါက ကျခံနိုင်သည့်ရာဇသတ်ကြီးပုဒ်မ များအကြောင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ၏ ထူးခြားချက်တစ်ရပ်ဖြစ်သည့် မော်တော်ဆိုင်ကယ်များအား (နေ့/ည) ၂၄ နာရီ ရှေ့မီး/အောက်မီး ဖွင့်မောင်းရန်၊ မော်တော်ဆိုင် ကယ်မောင်းနေစဉ် ဖုန်းမပြောကြရန်နှင့် အသက်(၁၀)နှစ်အောက် ကလေးငယ်များ အသက်ကယ် ထိုင်ခုံအသုံးပြုရန် စသည့် အချက်များ ပါဝင်သည့် ၂၀၂၀ပြည့်နှစ်၊ မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ အသိပညာပေး လက်ကမ်းစာစောင်(၂၀၀)ကျော်အား အခမဲ့ဖြန့်ဝေခြင်းနှင့်  ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)